Part 14

119 2 0
                                    

🌧️🌧️🌧️

" မမ ဘယ်သွားမို့လဲဟင် "
" မင်းကိုကိုယ်မိတ်ဆက်ပေးစရာရ‌ှိလို့ "
" ဘယ်သူနဲ့ "
" ကို့မိတ်ဆွေ "

မိတ်ဆွေ အင်းပေါ့ မိတ်ဆွေဘာဘဲ။ခွန်းကိတ်ဆိုင်တစ်ခုရှေ့ရပ်လိုက်သည်။ပြီးတော့ဆင်းကာ သုတလက်ကိုကိုင်ပြီးအထဲဝင်ခဲ့သည်။ဟုတ်တာပေါ့ ကိုနေ့ဆိုင်လေ...ကိုနေကခွန်းကိုမြင်တော့ပြုံးမယ်အလုပ် နောက်ကပါလာတဲ့သုတကြောင့် အပြုံးတွေရပ်တန့်သွားသည်။ခွန်းသူ့ရှေ့ကခုံတွင်ဝင်ထိုင်တော့သုတလဲခွန်းဘေးတွင်ဝင်ထိုင်သည်။ကိုနေအဖြေတောင်ထားတာ 10ရက်ကျော်လေဘီ....

" ကိုနေ ဒါခွန်းနဲ့မကြာခင်လက်ထပ်တော့မယ်သူ မင်းသုတတဲ့  သုတဒါကို့အလုပ်ပါတနာ ကိုနေလင်းထက်တဲ့"

" ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဗျ "

" ခွန်းဘယ်လိုဖြစ်တာလဲ "

" ဒီလိုဘဲဖြစ်သွားတယ်ကိုနေ "

" သူနဲ့လက်ထပ်ဖို့အတင်းတိုက်တွန်းလို့လားခွန်း "

" မဟုတ်ပါဘူး ခွန်းသဘောတူလိုက်တာပါ "

" မဖြစ်နိုင်တာခွန်းရယ် မင်းသူ့ကိုမုန်းတယ်မဟုတ်ဘူးလား "

ထိုစကားကြား၍ခွန်းသုတကိုလှမ်းကြည့်လိုက်တော့ ခေါင်းလေးငုတ်နေရှာသည်။

" ခွန်းမုန်းတာ သူ့အကိုကိုပါ ကိုနေ ခွန်းသုတလေးကိုမမုန်းပါဘူး "

" ဒါဆိုကိုကရော "

" တော်လောက်ဘီအကို ...ခွန်းနဲ့မကြာခင်လက်ထပ်မယ့်သုတကိုခေါ်လာမှတော့အဖြေကရှင်းနေဘီဘဲ ကိုနေ့ကိုခွန်းငြင်းပါတယ် "

ခွန်းသူ့ဆီကစကားသံကိုမစောင့်ဘဲ သုတကိုခေါ်ကာပြန်ထလာခဲ့သည်။အိမ်မပြန်ချင်သေး၍သုတကိုလဲမပို့ဘဲဆိုင်ကိုသာခေါ်လာခဲ့သည်။ဆိုင်ရောက်တော့ သတင်းမေးကြ၍ဖြေလိုက်ရ‌သည်။မင်းရာဇာအကြောင်းပြောမပြထား၍ကောင်လေးကိုသနားနေကြလေသည်။ညနေစောင်းတော့ခွန်းသုတကိုအိမ်ပြန်ပို့ပေးပြီးခွန်းအိမ်ပြန်လာခဲ့သည်။အိမ်ပေါ်တက်ရေချိုးပြီး ဝိုင်ပုလင်းနဲ့ခွက်တစ်ခွက်ကိုင်ကာ ဝရံတာဘက်ထွက်ထိုင်နေသည်။တစ်ဖက်ကဝိုင်ခွက် နောက်တစ်ဖက်ကဆေးလိပ်လက်ကြားညှပ်ကာဝရံတာကနေအပြင်ကိုငေးနေ
လေသည်။ဒီနှစ်ထဲဆေးလိပ်တွေသောက်ထား၍ခွန်းနှုတ်ခမ်း‌ေတွညိုပြပြဖြစ်နေလေသည်။

♡မမမောင့်ကိုပြန်ချစ်ပါလားဗျာ♡Where stories live. Discover now