Part 2(Uni+Zg)

342 18 6
                                    

"သား"

"ဗျာ မေမေ"

"ဟိုနေ့က သားနဲ့ခွန်း ရန်ဖြစ်ကြသေးတယ်ဆို"

"မဖြစ်ပါဘူး"

"ဒေါ်ထား ပြောတာ အဲ့နေ့ကသားကခွန်းကို အော်နေတယ်ဆို"

"မေမေကလည်း ဘာမှသေချာမသိပဲနဲ့"

"မေမေ သိတာမသိတာကိုထား၊ ခွန်းက မေမေတို့ဆီမှာလာနေပေမယ့်လည်း မေမေ့အတွက်တူသား တစ်ယောက်လိုဆိုလည်း မမှားဘူး၊ ပြီးတော့မင်းထက်လည်းအကြီး ဘာလို့ခင်ဗျားနဲ့ကျုပ် ဆိုပြီးပြောနေရတာလဲ၊ သားငယ်နော် အခုဘာဖြစ်နေမှန်းကိုမသိဘူး၊ တစ်ခုခုဆိုဆတ်ဆတ်ထိမခံနဲ့"

"မသိတော့ဘူး မေမေရာ၊ သားသွားနားတော့မယ်၊ ပြီးတော့ ခွန်းနောင် နဲ့ပတ်သတ်ရင် သားမသိချင်ဘူး၊ သူနဲ့သားဆိုင်လည်း မဆိုင်ဘူး"

"ဟဲ့ ဪ ဒီကလေးနဲ့တော့ မလွယ်ပါလားလေ"

ဒီနေ့တစ်နေ့လုံး စိတ်မကြည်ရတဲ့ကြားထဲ အဲ့လူအကြောင်းကို လာပြောနေပြန်ပြီ။ မသိချင် မမြင်ချင်လို့ တစ်အိမ်လုံးနဲ့တောင် စကားမပြောပဲနေနေပါတယ်ဆို။ ဘာလို့သူ့အကြောင်းပဲလာပြောနေကြတာလဲ မသိဘူး။ မော်ခွန်းနောင် မော်ခွန်းနောင် ခင်ဗျားကျုပ်ကို ဒုက္ခပေးလွန်းတယ်။

ရေချိုးဖို့ အင်္ကျီချွတ်လိုက်တော့ မှန်မှာပေါ်နေတဲ့ သူ့ဘယ်ဘက်ရင်အုံတစ်ခြမ်းလုံးနီးပါးက နီရဲကာယောင်နေပြီး အဲ့ပေါ်မှာလည်း စာတန်းလိုလို နာမည်လိုလို တစ်ခုရှိနေ၏ နှုတ်ခမ်းလေးတွန့်ကွေးရုံမျှသာ ပြုံးပြီးရေချိုးခန်းထဲကိုသာ ဝင်သွားလိုက်တော့သည်။

>>>>>>>>>

"အကိုရန်နိုင်"

"ပြောလေ"

"ဟိုလေ မေးစရာလေးရှိနေလို့၊ အမှန်တော့ မေးစရာဆိုတာထက် တောင်းဆိုတာဆိုပိုမှန်မလားလို့"

"ဘာလဲကွ၊ ပြောကြည့်လေ"

"ဟို အကိုတို့ ရှမ်းပြည်ဘက်ကိုသွားမလို့ဆို အဲ့တာခွန်းလည်း လိုက်ခဲ့ချင်လို့"

"ဪ ဘာများလဲလို့၊ အဲ့တာဆို ကိုမုန်း ကိုမေး၊ အကိုကမသွားဘူး သူပဲသွားမှာ"

Until the next life (Complete)Where stories live. Discover now