မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ရင်ခွင်ထဲကလူသားလေးကို တွေ့လိုက်ရတာကြောင့် ရင်မှာအေးချမ်းရတော့သည်။ နေရာလပ်မကျန်အောင် သူ့အပိုင်ပါဆိုတဲ့ အမှတ်အသားတွေပြည့်နှက်နေတဲ့ ကိုယ်သေးသေးလေးက တကယ်လည်း သူတစ်ယောက်တည်းရဲ့အပိုင်ပဲလေ။ ဘယ်သူမှမပိုင်ရဘူးမဟုတ်လား။ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မဝတာက သဘာဝပဲလား။
မနိုးမချင်းထိုင်ကြည့်နေတာကြောင့် အချိန်ဘယ်လောက်ကြာလဲ သူမသိတော့ပေ။ မျက်လုံးလေးတွေကို အသာဖွင့်ကြည့်လိုက်တော့ မျက်တောင်တစ်ချက်မခတ်ပဲ ကြည့်နေတာကြောင့် မျက်နှာကို ဘယ်နားထားလို့ထားရမှန်း မသိတော့ပေ။ ငါတော့ ကြာရင်မင်းကြောင့်နဲ့ရူးတော့မှာပဲ။
"မင်းအဲ့လိုကြီးပဲ စိုက်ကြည့်နေတော့မှာလား"
"ကိုယ့်ယောကျာ်းကိုယ်ကြည့်တာ ဘာဖြစ်လို့လဲ"
"ဘယ်သူက မင်းယောကျာ်းလဲ"
"ယောကျာ်းမဟုတ်တော့ ခင်ဗျားကမောင့်မိန်းမလား"
ပြောပြီး ခါးလေးကိုဆွဲဖက်ပြီး မျက်နှာတစ်ပြင်လုံးကို နမ်းရှိုက်လာတာကြောင့် အတင်းတွန်းထုတ်ရတော့၏
"ဖယ်လို့ တစ်ယောက်ယောက် ကြားသွားလိမ့်မယ်"
"ကျုပ်တို့အိမ်မှာ ရှိသမျှအခန်းတိုင်း အသံလုံတယ်၊မဟုတ်ရင် ညတည်းကသူတို့ live လွှင့်တာကို ကြားပြီးလောက်ပြီ"
ဂွက်!
ခေါင်းကို ခပ်နာနာခေါက်လိုက်တော့ မျက်နှာကြီးရှုံ့မဲ့ပြီး
"နာတယ်လို့"
"ခံပေါ့၊ မင်းကပြောလို့မှမရပဲ"
"ဘယ်မှာပြောမရလို့လဲ၊ ခင်ဗျားပြောကြည့်"
"အဲ့တာက မနေ့ညကလေ၊ မင်းကို ကိုယ့်အခန်းကိုယ်ပြန်အိပ်ပါဆို မအိပ်ဘူးလေ"
"ဒါပေမယ့် အိပ်တယ်လေ"
"ဘယ်မှာအိပ်လို့လဲ"
"ခွန်းနောင်နဲ့ ညလုံးပေါက်အိပ်တယ်လေ"
"မင်းပြောပြန်ပြီလား"
"မောင် ပြောတာမှားလို့လား"
"လူဆိုးကောင်"