Part 8(Uni+Zg)

206 15 7
                                    

ဒီနေ့ဆို သုံးလရှိပြီ။ ခွန်းနောင်နဲ့ အဆက်အသွယ်မရခဲ့တာ သုံးလတောင်ရှိပြီ။ လွမ်းတယ်ဗျာ။ မောင်ခင်ဗျားကို အရမ်းလွမ်းတယ်။ ခင်ဗျား ကျုပ်ကိုဆူတာလေးလည်း ကြားချင်တယ်။ စိတ်ဆိုးလို့ ရိုက်တာလေးလည်း မောင်ခံချင်တယ်။ ပြန်မလာသေးရင်တောင် ခင်ဗျားအသံလေးကိုကြားချင်တယ်ဗျာ။ ဘေးမှာချထားတဲ့ ဂစ်တာလေးကိုယူပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ်နဲ့ အလွမ်းနာကျနေတဲ့ ဒီကောင်ကြီးကို ကျီစယ်နေလေသလား။

🎶ဟန်နေ......,နေ့တိုင်းတွေ့ချင်တာ....မင်းရဲ့မျက်နှာလေး......., နေ့တိုင်းကြားချင်တာ...မင်းရဲ့အသံလေး........ဟန်နေ....🎶

ခြံထဲမှာထိုင်ပြီး သီချင်းဆိုနေတဲ့သားဖြစ်သူက ထူးဆန်းနေတာအမှန်ပင်။ ညတိုင်းလိုလိုဆိုနေတာ။ တစ်ညမှမပျက်။ အဲ့တာကလည်း သူနေပြန်ကောင်းလာတည်းကပင်။

🎶ဟန်နေ.......အတူနေရဖို့အရေး......တို့ကြိုးစားနေတယ်.......ကိုယ်မင်းအတွက်....အမြဲတမ်း....အကောင်းဆုံးဖြစ်ချင်ခဲ့......ဟန်နေ.....အိုး......, ဒီအချိန်မှာဝေးနေရပေမယ့်.......စက္ကန့်တိုင်းပဲမင်းကို......ကိုယ်လေသတိရနေတယ်........"

ဒါပါပဲ။ ခင်ဗျားမရှိတော့တဲ့နေ့ကစပြီး ကျုပ်ရဲ့ညတိုင်းဟာ ဒီလိုအထီးကျန်ဆန်စွာ သီချင်းတွေအော်ဆိုပြီး ဖြတ်သန်းခဲ့ရတာ။

>>>>>>>>

Ti! Ti! Ti!

"ဟယ်လို မုန်းမင်းဆက် ပြောနေပါတယ်"

"မောင်"

တစ်ဖက်ကြားလိုက်ရတဲ့ အသံကြောင့် စက္ကန့်ပိုင်းမျှကြောင်အသွားတော့၏ သူအရမ်းကြားချင်နေတဲ့အသံလေး။

"မောင်"

"ခွန်း.....ခွန်းနောင်"

"ငါမင်းနဲ့တွေ့ချင်တယ်၊ ငါ့ဆီလာခဲ့ပေး အဟင့်!"

"ဘာလို့ငိုနေရတာလဲဗျာ၊ ခင်ဗျားရှိတဲ့နေရာကို မောင်ချက်ချင်းလာခဲ့ပေးမယ်၊ ဘယ်နေရာလဲပြော"

"အင်း"

ခွန်းဆီကနေ နေရာအတိအကျသိရတာနဲ့ ရုံးခန်းထဲကနေ ပြေးထွက်လာတော့သည်။

Until the next life (Complete)Where stories live. Discover now