အပိုင်း2

380 31 9
                                    

"ဆရာမ"

"အယ်ကွယ် ရှင်လေးနေ့တိုင်းပန်းလာပေးနေတော့တာဘဲ"
ဆယ်တန်းecoအခန်းကဆရာမတွေရဲ့အသဲကြော်မိုးပြည့်ပြည့်လှိုင်ကနေ့တိုင်းလိုလိုအတန်းထဲကဆရာမတွေကိုပန်းတွေလိုက်ပေးလေ့ရှိပေမဲ့ဆရာမသက်ထားခင်အဖို့နှင်းဆီဖြူလေးပေးသည်

"အခြားဆရာမတွေကိုလဲပေးတာဘဲကိုး"

"ဟောတော်အခြားဆရာမတွေပန်လိုက်ရင်အဝါရောင်၊အပန်းရောင်တွေလေ ကျွန်မကိုကျနှင်းဆီဖြူတဲ့လား"

ဆရာမကစာပွဲမှာထိုင်နေသဖြင့် စားပွဲ‌လက်လေးဖြင့်မေးထောက်ပြီး"ဆရာမကနှင်းဆီဖြူနဲ့သိပ်လှတာဘဲ"

"အယ်တော့ ရှင်လေးကတော့စကားတက်မှတက်ပါအေ"

"ဟဲဟဲ"

"ကယ်ကျောင်းတက်တော့မယ်သွားတော့"

"ဟုတ်"

သက်ထားခင်က မြန်မာစာဆရာမဆိုပေမဲ့ကျောင်းသားတိုင်းသူရဲ့မြန်မာစာမှာအမှတ်အပြည့်ရတယ်တော်တော်များများဂုဏ်ထူးထွက်ကြတယ် စည်းကမ်းလဲကြီးသလိုအတော်လေးလဲလှတယ်

"ထား"

"ဟုတ်ကဲ့အမ"

"နောက်နှစ်ထားအတန်းပိုင်လုပ်ပါလား"

"အမရယ်အလုပ်ကရှုပ်ရတဲ့ကြားထဲ"

"အမလေးရယ် ထားထားရယ်ရှင်ကအပျိုကြီးလေကျွန်မတို့‌ကကျောင်းကိုအချိန်အတိအကျလဲလာမလာနိုင် အိမ်ကယောင်္ကျားနဲ့ကလေးအတွက်လဲလုပ်စရာလုပ်ရသေး ထားကမှအေးချမ်းတာ"

ဆရာမဒေါ်ခိုင်မျိုးဝေကထိုကဲ့သို့ပြောတော့ထားအရယ်ငယ်ပြုံးမိသည်"အမရယ်မဟုတ်တာပါနော် ထားကလူလွတ်ပေမဲ့အလုပ်တွေကမအားပါဘူးအေ ‌ဒီကျောင်းအုပ်နဲ့လဲအဆင်မပြေပါဘူးလေ ဒါနဲ့ဒီနှစ်ကျောင်းသားတွေလိမ်မာသလိုဘဲနော်"

"ထားမလို့အကုန်ကြောက်ကြတာပါနော် ရူပဗေဒဆရာမနဲ့ဆိုဘယ်သူမှမကြောက်ဘူးသူ့အချိန်ဆိုညံနေရော"

"အဲ့ဆရာမက ကလေးတွေအလိုလိုက်တာကိုး"

"အေးကွယ်"

                     ..........~★~...........

"မမထားပြန်လာပြီးလား ပေးပေးရတီကိုဆွဲခြင်းနဲ့အိတ်"

သစ္စာမြိုင်Where stories live. Discover now