9

413 27 0
                                    


" မယူချင်ပါဘူးကွာ "

" မင်းကလည်း အလကားပေးနေတာကို ဘာလို့ ငြင်းနေတာလဲ .. ပြီးရင် လိုလာမှာပဲဟာ "

" မင်းကမှ ဘာလို့ ရုတ်တရက်ကြီး အဲ့ဘူးတွေလာပေးနေတာလဲ "

ရုံးခန်းထဲ ဂျေးနှင့် ဂျယ်ယွန်း၏ စကားတွေက အကြိတ်အနယ်။အသံလုံ၍သာ တော်တော့သည်။ဂျယ်ယွန်းကတော့ မနေ့က အဖြစ်အပျက်တွေ တွေးပြီး မျက်နှာကြီးပူတက်လာသည်။မနက်က စောစောထပြေးရင်း ပန်းခြံနှင့်နီးသည့် ဘန့်တိုက်ခန်းဝင်ပြီး ၅ဘူးပေးခဲ့သေးသည်။ဘန်ကတော့ သဘောတွေကျလို့။ဂျယ်ယွန်းကိုလည်း ဟျောင်းနှင့်အကြောင်းတွေ အစ်နေသေးသည်။

" မနေ့က ဟီဆွန်းဟျောင်းက အများကြီးဝယ်လာလို့ .. မင်းတို့လည်း သုံးရအောင် "

" သေချာရှင်းအောင် ပြောစမ်းပါ "

မပြောမချင်း မေးနေဦးမှာမို့ အကုန်ပြောပြလိုက်တော့ ရုံးခန်းကြီး ကွဲထွက်မတက် ရယ်နေပြန်သည်။စိတ်ညစ်လိုက်တာ။အဲ့တာ ဟျောင်းမကောင်းလို့ သူအလှောင်ခံရတာ။

" သူကတော့ ပရိုမိုးရှင်းရှိလို့လို့ပြောတာပဲ "

" ဟားဟား ဟုတ်မှာပါ ပေး ပေး .. သနားလို့ ယူလိုက်မယ်နော် ငါ ပိုက်ဆံမကုန်တော့တာပေါ့ ယောက်ဖကောင်းမှုနဲ့ "

ဟီဆွန်းဟျောင်းကို ယောက်ဖနဲ့ ခေါ်ခေါ်နေသည့် ဂျေးကိုလည်း တားမရပေ။ပြောမရသည်မို့ လွှတ်ထားရသည်။

" မင်းတို့ချင်း အခြေအနေကောင်းတယ်မလား "

" အင်း "

အလုပ်စားပွဲမှာ ဝင်ထိုင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ထိုအခါမှ ဂျေးက ခေါင်းတဆက်ဆက်ညိတ်ပြီး အလုပ်သာ အေးဆေးလုပ်နေတော့သည်။စာရင်းနည်းနည်းစစ်ပြီး ဂျယ်ယွန်း နာရီကြည့်မိသည်။ဒီနေ့မှ နေ့လည်စာရောက်မည့်အချိန်ဟာ ကြာနေသလို။

" မင်းတို့ ဘယ်တော့ လက်ထပ်မှာလဲ "

" အမ် ဘာမေးခွန်းကြီးလဲ "

ဂျေး၏ မေးခွန်းကြောင့် ဂျယ်ယွန်းကြောင်အသွားတာအမှန်။သူတို့က ခုမှ တွဲတာ ၁နှစ်စွန်းစွန်းပဲရှိသေးတာလေ။လက်ထပ်တယ်ဆိုတာကြီးကတော့ မြန်လွန်းတယ် ထင်တာပဲ။

no words, but let me kiss your cheekTempat cerita menjadi hidup. Temukan sekarang