ကျွန်တော် ရွာကို မရောက်ဖြစ်တာ တော်တော်ကြာပါပြီ
ရန်ကုန်မာ ကျောင်းလာတက်တာပါ။
အမေနဲ့လည်း မတွေ့ရတာ ကြာပြီလေဒီတစ်ခေါက်ကျောင်းပိတ်ရင် ရွာပြန်မယ် စဉ်းစားထားတာပဲ။
ဆွေးမျိုးသားချင်း မရှိငွေရေးကြေးရေးကအစ မိဘရဲ့
နယ်ဝေးမှာ တစ်ယောက်ထဲရှင်သန်ရတာ ငြီးငွေ့နေတာကြာပါပြီ ဘယ်လောက်ခက်ခဲလည်း မိတ်ဆွေတို့လဲ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစာမည်ထင်သည်။ကျောင်းပိတ်တော့ ရွာပြန်ဖြစ်တယ်။ ရွာကိုက ကားနဲ့ တပိုင်း လှေနဲ့ တပိုင်း ခရီးဆက်ရတယ်။ ခရီးသွားကား တွေက ဗြိုင့်ကျွန်းမှာဂိတ်ဆုံးတယ် ဗြိုင့်ကျွန်းကနေ တစ်ဆင့် လှေစီးရပြန်တယ် ။ လှေစီးရတာ ကျွန်တော် အကြိုက်ဆုံးပေါ့။ ကျွန်တော်နှစ်သက်သောအရာ ဟုတ်တယ် 'လေ သဘာဝလေ' ရန်ကုန်မာမရနိုင်တဲ့ အရာ။ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ် ကျွန်တော် အသက်ဝဝရှုလိုက်သည်။ ဟူး အခုမှပဲ ပင်ပန်းတာတွေ လျော့ကျသွားသလိုပဲဗျာ
"ဗျို့ ဆရာရေ သေခြာကိုင်ထားနော် ဟိုနားမှာ ရေစီးကြမ်းတယ် "
စက်လှေဆရာက လှမ်းအော်တယ်။ ကျွန်ဝောာ်ပြန်ပြုံးပြလိုက်သည်။ ကျွန်တော်လဲ ရှူခင်းတွေကို ပြန်ကြည့်နေလိုက်တယ်။
ချမ်းစိမ့်စိမ့်ဖြစ်လာသလို
" ဟူး"
ကျွန်တော် သက်ပြင်းအရှည်ကြီး ချမိတယ်။ ဘာကြောင့်မှန်းမသိ လွမ်းသလိုလိုဖြစ်လာတယ်။ ကျွန်တော် ငိုချင်လာတယ်။
" ကယ်ဆရာတို့ရေ ခနနေကြရင် ဟင်းသာရွာရောက်တော့မာနော့ကျွန်တော် တွေးလက်စတို့ပင် ပျောက်သွားသည်။ ကျွန်တော်လဲ ပြင်စရာရှိတာ ပြင်လိုက်တယ်။
တစ်အောင့်လောက်ကြ ကျွန်တော်ရဲ့ မွေးရပ်မြေ ၊ ကျွန်တော် အမြဲ ပြန်လာချင်ခဲ့တဲ့ ဟင်းသာရွာလေးကို ကျွန်တော်ရောက်ခဲ့ပြီလေ။ ကမ်းစပ်နားမာ အမေတို့ရယ် ကျွန်တော့်ညီ အာကာရယ် ရွာထဲက ငယ်ပေါင်းကြီးတွေလာကြိုတယ်။
" ငါ့သား အမေ ဒီမှာဝေ့ "
အမေလန်းအော်တယ်။ ကျွန်တော်လက်ပြန်ပြပြီး အမေရှီကို ပြေးသွားလိုက်တယ်။" ငါ့ညီ အာကာတောင် လူပျိုဖြစ်လာပြီးပဲ မင်းကောင်မလေးတွေရနေပြီမို့လား "
ကျွန်တော့်ညီ အာကာက ၈တန်းကျောင်းသား အသားညိုညိုနဲ့ ရွာထဲက အကြောင်း သူမသိတာမရှိဆိုတဲ့ကောင်
"ကိုကြီးလည်း ချောလာလိုက်တာဗျာ"
" မင်းကတော့ မြောက်နေပြန်ပြီး မင်းအတွက်လက်ဆောင်တွေပါတယ်ဟုတ်ပြီလား "
အာကာ က
" လာ သွားမယ်ကိုကြီးရာ "" နေပါအုံးကွ ငါတို့လည် ပြောအုံးမယ်လေကွာ အာကာကလဲ
ရဲနောင် မင်းက မြို့သားကြီးဖြစ်နေပြီပဲ "" မြို့သားပဲ လေကွာ "
ကျွန်တော်အားလုံး ဝိုင်းရယ်လိုက်တယ်။
အမေက
" ငါ့သား ပင်ပန်းလာပြီ အိမ်ပြန်မယ် အိမ်မာ သားကြိုက်တဲ့ ပုစွန်ပြုတ်ကြော် လေးလုပ်ထားတယ်"" ဟာ ရှယ်ပဲဗျာ ဗိုက်တောင်ဆာလာပြီ "
" လာလာ သွားမယ် သွားမယ် "
Part - 1 End
အမှားတွေပါရင် ကြိုပြီး တောင်းပန်ပါတယ်ဗျ။
Part - 2 will soon- လရောင်အလင်း