Ch-3 (Min Vs Won)

511 66 12
                                    

ချစ်ကြည်ရေးပွဲကြောင့် ကျောင်းသားအများစုက စိတ်ဝင်တစားဖြစ်နေကြသည်။ ၁၀စုနှစ်ကျော်ထိ မတည့်လာတဲ့ ကျောင်း၂ကျောင်းရဲ့ အပြိုင်အဆိုင်က သည်လို ချစ်ကြည်ရေးပွဲ ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြီးသွားမှာ မဟုတ်မှန်း SVT HIGH က ကျောင်းသားတိုင်းသိထားပြီးသားပင်။ ပွဲအကြောင်းကြားကတည်းက ကျောင်းသားတိုင်း စာတွင်အာရုံမလာတော့ဘဲ ကာယချိန်ကို ပိုမျှော်နေတတ်ကြ၏။ မုန့်စားဆင်းချိန်တိုင်းလည်း အချိန်ရရင်ရသလို လေ့ကျင့်ကြကာ EDI ACADEMY ကိုအနိုင်ပိုင်းဖို့သာ စိတ်ထဲတွင်ရှိကြတော့သည်။

ထိုကဲ့သို့ ကြိုးစားနေသော ကျောင်းသားများထဲတွင် ဂျော်ဝန်နူးက စိတ်မပါဘဲ ပါဝင်ခဲ့ရသည်။ လက်ဆင့်ကမ်းအပြေးပြိုင်တယ်ဆိုတာ ဂျော်ဝန်နူး တစ်ခါမှမလုပ်ခဲ့ဘူးတာ မှန်သော်လည်း သည်လောက်ထိပင်ပန်းမယ်လို့ မတွေးဖူးပေ။ နည်းပြက လက်ဆင့်ကမ်းအတွက် ကျောင်းသား ၁၂ယောက်ရွေးထားသည်။ ပြိုင်ပွဲတွင် အပတ် ၃ပတ်ပြေးရမည်ဖြစ်ပြီး ကင်မင်ကယူးနှင့် ဂျော်ဝန်နူးကို နောက်ဆုံးနေရာတွင် ပြေးစေသည်။ ကာယချိန်တိုင်း ဘယ်လှုပ်ညာလှုပ် လေ့ကျင့်ခန်းသာ လုပ်တတ်တဲ့ ဝန်နူးအတွက် တော်တော်ပင်ပန်းစရာဖြစ်နေသော်လည်း အပြေးလေ့ကျင့်တိုင်း ဘေးနားက ကင်မင်ကယူးကို မြင်ရတာ ပို၍အမောဆို့စေသလိုပင်။

"ခင်ဗျား ပြေးတာ နည်းနည်းနှေးသလားလို့ အဲလိုဆို ငါတို့ဘယ်နိုင်တော့မလဲ"

"ခင်ဗျားလက်ထဲက တုတ်တံကငါ့ဆီရောက်မှ စပြေးလို့ရမှာကို ခင်ဗျားကဒီလောက်အရှိန်နဲ့ ဘယ်လိုမြန်မြန်ရောက်တော့မှာလဲ"

"ဒီထက်ပိုမြန်လို့မရဘူးလား EDI ကကောင်တွေက အားကစားအရမ်းကောင်းတာ စာကြရင်လည်းလျော့တွက်လို့မရပေမဲ့ အားကစားကြရင် အဲ့ကောင်တွေက ရှယ်မိုက်တာနော် ခင်ဗျားမြန်မြန်ပြေးမှရမယ်"

"နည်းနည်းမြန်မြန်လေး ပြေးပေး"

ဘေးနားကနေ စရောက်ကတည်းက တတွတ်တွတ်လိုက်ပြောနေတဲ့ အဲ့လူကို အမှန်တကယ်ပင် စိတ်ကုန်နေပြီ။ လူကိုလည်း လာပြီးရင်းနှီးတဲ့ သူငယ်ချင်းလို လာပြောတာတွေကိုလည်း လုံးဝမကြိုက်၊ အမိန့်ပေးသလိုလို လုပ်ခိုင်းတာတွေကို လိုက်လုပ်ရအောင်လည်း အဲ့လူက ​ဂျော်ဝန်နူးအဖေမှမဟုတ်တာ။ နားမထောင်နိုင်ပါဘူး။ ဆရာကြီးလိုလို၊ သူပဲသိသူပဲတတ်လုပ်နေတာက ဂျော်ဝန်နူး စတိုင်လ် လုံးဝမဟုတ်!

𝐂𝐮𝐩𝐢𝐝 𝐒𝐜𝐫𝐞𝐰𝐞𝐝 𝐔𝐩!Where stories live. Discover now