< 일 >

1.5K 99 2
                                    

Sunoophile

-

" ဂင်မ်ဆောနူ !! "

ဆောနူ ခြေထောက်ဆောင့်လိုက်ပြီး လှေကားအောက်ဆုံးအထစ်တွင် စူပုတ်နေ၍
သူ့ဆံပင် ဖွာဖွာကောက်ကောက်လေးတွေကို
မကျေမနပ်ဖြင့် ထိုးဖွလိုက်လျက်

" အာ ~ ကိုကိုကလည်း ဘာဖြစ်နေတာလဲလို့ "

ဂျုံဆောင်း သက်ပြင်းချလိုက်၍ ဆောနူစီလာရင်း
ခါးထောက်လိုက်လျက် ပြောသည်။

" မင်းဆံပင်တွေရော အပြင်အဆင်တွေရော ဘာလဲ ကောင်မလေး ရနေပြီလား "

ဆောနူ မလုံမလဲ ဖြစ်သွားရင်း ခေါင်းခါပြကာ

" မဟုတ်ပါဘူး "

" ကိုကိုဟီဆွန်းနဲ့ အပြင်သွားဖို့ "

ဂျုံဆောင်းက မျက်ခုံးပင့်ရင်း လေသံမာမာဖြင့်

" မင်းက သူနဲ့သွားစရာ ကိစ္စရှိတယ်လား ဘာများလဲ "

ဆောနူက စူပုတ်နေရင်း လေသံတိုးတိုးလေးနှင့် ပြန်ဖြေသည်။

" စာအုပ်ရွေးပေးမယ်တဲ့ သင်္ချာ တွက်နည်း ပါတာတွေ "

အိမ်တံခါးကို ဘဲလ်တီးလာသည့်အခါ ဂျုံဆောင်း ပြောလက်စ စကားတွေကို ရပ်လိုက်ပြီး ဖွင့်ပေးလိုက်စဉ်
ဟီဆွန်းက အိမ်ထဲ ဝင်လာခဲ့ရင်း ဆောနူ၏ စူပုတ်ပုတ်
မျက်နှာလေးနှင့် အားကိုးတကြီး တိုင်နေသော မျက်လုံးလေးတွေကို မြင်တာနှင့် ဂျုံဆောင်း ပုခုံးကို တစ်ချက်ပုတ်လိုက်ပြီး

" ပတ်ဂျုံဆောင်းရာ ဘာဖြစ်နေတာတုန်း ကလေးကို ဆူလို့ "

ဂျုံဆောင်းက မျက်မှောင်ကြုတ်ထားရင်း ဟီဆွန်းကို
တိုင်တော့သည်။

" အစ်ကို နေစမ်းပါဗျာ သူအခုတလော အရမ်းပြင်ဆင်လာတာ မသင်္ကာစရာကြီးကို "

ဟီဆွန်းက ဂျုံဆောင်း၏ သဝန်တိုမှုကြီးကို နှာခေါင်းရှုံ့လိုက်ပြီး ဆောနူ လက်ကောက်ဝတ်
နုနုလေးကို ဆွဲလိုက်လျက်

" ဆောနူလာ မင်းအစ်ကိုကို ထားခဲ့တော့ "

အိမ်အပြင်ရောက်သွားသည့်အခါ ဟီဆွန်းက ဆောနူကို
သေချာစိုက်ကြည့်ရင်း ပြုံးမိသွားတော့သည်။ သာမန်
ဆံပင်ဖြောင့်ဖြောင့် ဖွာဖွာလေးတွေက ဒီနေ့မှ ကွေးကျစ်နေပြီး ဆောနူကို ကလေးလေးနှင့် တူစေ၍
ပိုလို့တောင် ချစ်ဖို့ကောင်းစေသည်။

SUNOOPHILEWhere stories live. Discover now