Sunoophile
-
" ဂင်မ်ဆောနူ !! "
ဆောနူ ခြေထောက်ဆောင့်လိုက်ပြီး လှေကားအောက်ဆုံးအထစ်တွင် စူပုတ်နေ၍
သူ့ဆံပင် ဖွာဖွာကောက်ကောက်လေးတွေကို
မကျေမနပ်ဖြင့် ထိုးဖွလိုက်လျက်" အာ ~ ကိုကိုကလည်း ဘာဖြစ်နေတာလဲလို့ "
ဂျုံဆောင်း သက်ပြင်းချလိုက်၍ ဆောနူစီလာရင်း
ခါးထောက်လိုက်လျက် ပြောသည်။" မင်းဆံပင်တွေရော အပြင်အဆင်တွေရော ဘာလဲ ကောင်မလေး ရနေပြီလား "
ဆောနူ မလုံမလဲ ဖြစ်သွားရင်း ခေါင်းခါပြကာ
" မဟုတ်ပါဘူး "
" ကိုကိုဟီဆွန်းနဲ့ အပြင်သွားဖို့ "
ဂျုံဆောင်းက မျက်ခုံးပင့်ရင်း လေသံမာမာဖြင့်
" မင်းက သူနဲ့သွားစရာ ကိစ္စရှိတယ်လား ဘာများလဲ "
ဆောနူက စူပုတ်နေရင်း လေသံတိုးတိုးလေးနှင့် ပြန်ဖြေသည်။" စာအုပ်ရွေးပေးမယ်တဲ့ သင်္ချာ တွက်နည်း ပါတာတွေ "
အိမ်တံခါးကို ဘဲလ်တီးလာသည့်အခါ ဂျုံဆောင်း ပြောလက်စ စကားတွေကို ရပ်လိုက်ပြီး ဖွင့်ပေးလိုက်စဉ်
ဟီဆွန်းက အိမ်ထဲ ဝင်လာခဲ့ရင်း ဆောနူ၏ စူပုတ်ပုတ်
မျက်နှာလေးနှင့် အားကိုးတကြီး တိုင်နေသော မျက်လုံးလေးတွေကို မြင်တာနှင့် ဂျုံဆောင်း ပုခုံးကို တစ်ချက်ပုတ်လိုက်ပြီး" ပတ်ဂျုံဆောင်းရာ ဘာဖြစ်နေတာတုန်း ကလေးကို ဆူလို့ "
ဂျုံဆောင်းက မျက်မှောင်ကြုတ်ထားရင်း ဟီဆွန်းကို
တိုင်တော့သည်။" အစ်ကို နေစမ်းပါဗျာ သူအခုတလော အရမ်းပြင်ဆင်လာတာ မသင်္ကာစရာကြီးကို "
ဟီဆွန်းက ဂျုံဆောင်း၏ သဝန်တိုမှုကြီးကို နှာခေါင်းရှုံ့လိုက်ပြီး ဆောနူ လက်ကောက်ဝတ်
နုနုလေးကို ဆွဲလိုက်လျက်" ဆောနူလာ မင်းအစ်ကိုကို ထားခဲ့တော့ "
အိမ်အပြင်ရောက်သွားသည့်အခါ ဟီဆွန်းက ဆောနူကို
သေချာစိုက်ကြည့်ရင်း ပြုံးမိသွားတော့သည်။ သာမန်
ဆံပင်ဖြောင့်ဖြောင့် ဖွာဖွာလေးတွေက ဒီနေ့မှ ကွေးကျစ်နေပြီး ဆောနူကို ကလေးလေးနှင့် တူစေ၍
ပိုလို့တောင် ချစ်ဖို့ကောင်းစေသည်။
YOU ARE READING
SUNOOPHILE
FanfictionLee Heeseung x Kim Sunoo Park SungHoon x Kim Sunoo • HEESUNSUN COMMISSION •