< 사 >

418 55 4
                                    

Sunoophile

-

ဟီဆွန်းစီကနေ ဖုန်းလက်ခံရရှိပြီးနောက်တော့ ဆောင်းဟွန်းက ဟီဆွန်းအိမ်နားရှိ ကဖေးကို ချက်ခြင်းလာခဲ့ပြီး သူတို့အချင်းချင်း ကြည့်လို့မရသည့်တိုင် ဒီတစ်ခါမှာတော့ သူတို့အချင်းချင်းသာ တိုင်ပင်ဖော်ရကြတာ ဖြစ်သည်။ ဟီဆွန်းက ခြေထောက်ချိတ်ထိုင်နေပြီး အလွန် မျက်နှာတင်းမာနေကာ ဆောင်းဟွန်းက ဟီဆွန်းရှေ့မှာ
ဝင်ထိုင်လိုက်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက်
သက်ပြင်းသာ ချနေ၍ ဟီဆွန်းက စားပွဲပေါ်သို့ ကီးချိန်းကို တင်ပေးလိုက်ပြီး မေးငေါ့ပြသည်။

ဆောင်းဟွန်းလည်း " 🩵 " ကို ရင်းနှီးနေပြီ ဖြစ်လေသည်။
သူဟိုနေ့က ဆောနူစီမှာ တွေ့ခဲ့တာနှင့် တစ်ပုံစံတည်း
ဖြစ်၏။ အဲ့ဒီတုန်းက သူများများစားစား မတွေးခဲ့သော်ငြား သူတို့ လိုက်ပိုးပန်းနေသည့် ကလေးလေးက သူတို့တောင် မရိပ်မိနိုင်သည့်အထိ လည်လည်ဝယ်ဝယ်ကြီးကို ရည်းစားထားနေတာတဲ့လေ။

ဆောင်းဟွန်း ခလုတ်ကို နှိပ်ကြည့်လိုက်စဉ် ဆောနူအသံက
ထွက်ပေါ်လာတော့၏။

" ယန်းဂျောင်ဝန်း ငါတို့တွဲနေတာ နှစ်လကျော်ပြီနော် ..
ကျေးဇူးတင်ပါတယ် ငါ့ကို သဘောကျပေးလို့
ဂင်မ်ဆောနူက မင်းကို အများကြီး ချစ်ပါတယ် "

ဆောင်းဟွန်းက ကီးချိန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မျက်နှာအမူအရာကပါ ပျက်ယွင်းလာကာ
ဟီဆွန်းကို လှမ်းကြည့်လိုက်သည့်အခါ ဟီဆွန်းက ဘာမှမပြောပဲ ဒီနေ့အတွက် ဒုတိယမြောက် အမေရိကာနိုကို
သောက်လိုက်ပြီးမှ

" ကြားတယ်မလား "

" ဖုန်းဝင်လာတာ အပြာရောင်အသည်းပုံ မှတ်ထားတာ တွေ့လိုက်တယ် "

" တူတူပဲ "

" အစ်ကိုပြောချင်တာက အဲ့ဒါ ယန်းဂျောင်ဝန်းကို ဆိုလိုတာမလား "

" ထင်တာပဲ "

အချစ်ပြိုင်ဖက်ကနေ စိတ်ညစ်ဖော်စိတ်ညစ်ဖက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူတို့ ကလေးလေးက သူတို့ကို မထင်မှတ်ထားသည့် နည်းလမ်းနှင့် သေချာကို ပညာပြသွားခဲ့တာပင်။

SUNOOPHILEWhere stories live. Discover now