< 이 >

516 70 13
                                    

Sunoophile

-

ဆောင်းဟွန်း ဆောနူ၏ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် အပေါ်ပင့်တင်ပေးလိုက်ရင်း ကျောင်းလာကြိုပြီး ဂျုံဆောင်းကို သွားမတွေ့ခင် သူတို့ နီးနီးကပ်ကပ် လမ်းလျှောက်နေကြတုန်းမှာ ဆောင်းဟွန်းက ဆောနူ နားနားကို ကပ်လျက်

" ကိုကို ဆောနူကို သဘောကျတယ် "

" ဗျာ .. "

ဆောနူ လန့်သွားသည့်ပုံစံလေးကို မြင်တာနှင့် ဆောင်းဟွန်း အတင်းအကျပ် မတိုက်တွန်းပဲ ပိုပြီးတောင် စိတ်လျှော့လိုက်ပြီး နူးညံ့ညင်သာနေသော အသံဖြင့်

" ကိုကို့ကို စဉ်းစားပေး အချိန်ယူပါ ကိုကိုက ဒီကြားထဲ မင်းကို လိုက်ပိုးပန်းနေပါ့မယ် "

ဆောနူ အလွန် အံ့ဩသွားရပြီး မထင်မှတ်ထားသဖြင့်
ဆောင်းဟွန်းကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေသည့်အခါ
ဆောင်းဟွန်းက ရယ်လိုက်လျက်

" ရှက်လာပြီ အဲ့လိုတော့ မကြည့်နဲ့ကွာ "

ဆောနူ အကြည့်ပြန်လွှဲလိုက်ပြီး ခေါင်းခါလိုက်တုန်း
အရှေ့ဖက်တွင် သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည့်
ကျောင်းသားလေးကို တွေ့လိုက်ရသဖြင့် ဆောင်းဟွန်းက
ဆောနူကို သူငယ်ချင်းလားလို့ မေးလိုက်သည့်အခါ
ဆောနူက ပြန်မဖြေပဲ နှုတ်ခမ်းတင်းတင်းစေ့ရင်း
ခေါင်းသာညိမ့်ပြလေသည်။

ဆောနူ မျက်နှာက တက်တက်ကြွကြွ မရှိတော့ပဲ သူ့ကို
နေရခက်သွားတာကို သိသာထင်ရှားစွာ သိလိုက်ရသဖြင့်
ဆောင်းဟွန်း သက်ပြင်းယဲ့ယဲ့ချလိုက်တော့၏။ သူတို့
ဂျုံဆောင်း စောင့်နေသည့် နေရာကို ရောက်သည့်အခါ
ဟီဆွန်းပါ ရှိနေသဖြင့် ဆောင်းဟွန်း မျက်မှောင်ကြုတ်လိုက်ပြီး ဆောနူက ဟီဆွန်း ဘေးမှာ ဝင်ထိုင်လိုက်သဖြင့် ဂျုံဆောင်းဘေးတွင်သာ ဝင်ထိုင်လိုက်ရတော့သည်။

ဟီဆွန်းက မျက်နှာချင်းဆိုင်ရှိ ဆောင်းဟွန်းကို သရော်ပြုံးပြုံးပြလျက် ဆောနူပုခုံးကို ဖက်လိုက်ရင်း

" ဆောနူ ဘာစားချင်လဲ "

ဆောနူက မီနူးကို ဂျုံဆောင်းစီ ပေးလိုက်ပြီး

SUNOOPHILEWhere stories live. Discover now