အပိုင်း(၃)

566 74 4
                                    

"​နွေ့ဖုန်းနံပါတ်​အစ်မကို​ပေး"

"ဟင် ဘာဖြစ်လို့လဲ?"

လူ​ချင်း​တွေ့တာ​တောင်သူမကဒီ​လောက် ကပ်သီးကပ်သပ်နဲ့စိတ်ရှုပ်စရာ​ကောင်းတာ ဖုန်းနံပါတ်​ပါ​ပေးတဲ့ ဖုန်းနံပါတ်သာ​ပေးရင်တစ်ရက်ကိုဘယ်​လောက်များနားပူ​အောင်​ပြော​နေဦးမလဲလို့​နွေရိပ်​တွေး​မိတယ်။

"လိုက်မှတ်​နော် 09 *** *** ***"

"မကြာမကြာဆက်မယ်​နော်"

"ဟုတ်ကဲ့ သမီးအိမ်ကိုပြန်လို့ရပြီလား?"

"ဘာလို့လဲ ပြန်ချင်ပြီလား"

"ဟုတ်"

"ဒီကသူ့ကိုရိုက်​နေတာလဲမဟုတ် ဆူ​နေတာလဲမဟုတ်ဘာလို့အိမ်ပြန်ချင်ရတာလဲ?"

"ဟင် ကိုယ့်အိမ်ကိုယ်​တော့ပြန်ချင်​သေးတာ​ပေါ့"

"မပြန်ရ​သေးဘူးခုမှ ၉နာရီရှိ​သေး"

"မပြန်လို့ဘာလုပ်ရမလဲလို့"

"စကား​ပြောမယ်​လေ"

"အစ်မနဲ့​ပြောစရာ ​နွေရိပ်မှာဘာအ​ကြောင်းမှမှမရှိတာလို့ ပြီး​တော့အရမ်းလည်းမခင်ကြ​သေးပဲ ခုမှနှစ်​ခေါက်​တွေ့ဖူး​သေးတာကို"

"ဒါဆိုလည်းအိမ်ကိုမကြာမကြာလာလည်မယ်​လေ ခဏခဏ​တွေ့ဖူးရ​အောင်လို့"

ဇွတ်​တွေ​ရောအတင်း​တွေ​ရော​ပြော​နေတဲ့ ရှင်ပိုးဟန်ကို​နွေရိပ်နည်းနည်း​ကြောက်လာတယ်။သူများအိမ်မှာဆိုတဲ့အသိကနည်းနည်း​ကျောချမ်းစရာပဲ ပြီး​တော့ဒီအိမ်မှာ ကျန်တဲ့လူ​တွေရဲ့အရိပ်အ​​ယောင်​တောင်နည်းနည်း​လေးမ​တွေ့မိဘူး ။သူတစ်​ယောက်တည်း​နေတာဆို ဘယ်သူမသိလိုက်ခင် စိတ်တိုပြီးသတ်ပစ်လိုက်မှာကို ​မဆီမဆိုင်နွေရိပ်​တွေး​ကြောက်​နေတယ်။ဟိုကသူ့ကိုလက်ဖျားနဲ့​တောင်ထိတာမဟုတ် မျက်နှာချင်းဆိုင်ခုံမှာ​ခြေတစ်ဖက်ချိတ်ထိုင်ပြီး စကားနိုင်​လေးပဲလုရ​သေးတာပါ။

"မလာပါနဲ့"

"​ဟော​တော် မ​ခေါ်ချင်ဘူးလားအိမ်ကို "

"ဟင့်အင်း"

"ဟယ်......."

အံ့သြမိ​ပေမယ့်လည်း စူပုတ်ပုတ်နဲ့​နွေရိပ်ရဲ့မျက်နှာ​​လေးကြောင့်ရှင်ပိုးဟန်ရယ်မိတယ်။ငို​တော့မယ့်မျက်နှာ​လေးကိုကြည့်ရင်းတိုးကာ တိုးကာစချင်စိတ်​တွေကဖြစ်လာတယ်။

ဟိုဘက်ခြံကနှင်းဆီWhere stories live. Discover now