FOUR

26 5 0
                                    

(UNICODE)

Song Recommend : EXO-Moonlight
(ဒါလေးကိုတော့နားထောင်ပေးစေချင်ပါတယ် ရင်ထဲမှာတခုခုတော့ကျန်ခဲ့မှာပါ)

အခြေအနေတွေကလည်းပြောင်းလဲသွားပြီး ဆွန်းဟန်လဲကျောင်းမသွားတာ တပတ်ပင်ပြည့်တော့မည်ဖြစ်သည်။

ဆက်တိုက်ဆိုဟီးကိုတောင်းပန်ပြီးရှင်းပြသော်လည်း
ဆိုဟီးဘက်ကလုံးဝကိုခါးခါးသီးသီးဖြစ်နေသည်။

တကယ်တော့ လူတယောက်ကိုချစ်ကြောင်းဖွင့်ပြောတာက အပြစ်လဲမဟုတ်သလို တောင်းပန်စရာလဲမဟုတ်ပေမယ့် ဆွန်းဟန်ကတော့ ဆိုဟီးကိုတဖွဖွတောင်းပန်ခဲ့သည်။
အစထဲကအရှူံးနဲ့နေသားကျနေသူမလို့ ချစ်ရသူကိုတောင်းပန်ရတာလောက်က သိပ်တော့မခက်ခဲပေ။

ထပ်ခါထပ်ခါတောင်းပန်မှူတွေကြား အီဆိုဟီးရဲ့ပြန်စာတစောင်ကြောင့် လုံးဝအဆက်အသွယ်ဖြတ်ရတဲ့အထိကိုဖြစ်သွားခဲ့ရသည်။

"ဆွန်းဟန်ရား
ငါကမင်းကိုသူငယ်ချင်းတယောက်လိုဘဲခင်တာ
ပြီးတော့ငါ့မှာချစ်သူရှိတယ် ငါဆောဂျွန်းကိုဘဲချစ်တယ် ဆောဂျွန်းကိုဘဲလက်ထပ်မှာ

မင်းကိုငါဘယ်တော့မှပြန်ချစ်လာမှာမဟုတ်တဲ့အတွက် မင်းငါနဲ့ဝေးရာကိုထွက်သွားပေးပါ ဟုန်းဆွန်းဟန်

မင်းမျက်နှာကိုတွေ့တိုင်း ငါ့ရဲ့ဖြူဖြူစင်စင်အချစ်တွေကိုစော်ကားသလိုခံစားရလို့ပါ
မင်းတောင်းပန်သလို ငါလဲမင်းကိုတောင်းပန်ပါတယ်
ထွက်သွားပေးပါ ငါ့အနားကနေ"   ဟုပြန်စာရောက်လာချိန်ကစ၍ ဆွန်းဟန်စာတွေလဲမပို့တော့သလို ကျောင်းလဲမသွားတော့ပေ။
နှစ်ဆုံးစာမေးပွဲလဲနီးပြီဖြစ်၍ အိမ်မှာဘဲစာလုပ်မည်ဟုအိမ်ကိုပြောထားပြီး တကယ်တမ်းစာမလုပ်ဖြစ်တာက ဆွန်းဟန်အသိဆုံး။

နေ့တိုင်းသူ့SNS accountတွေကို Refreshဆွဲကြည့်သော်လည်းဘာကိုမှတင်မထား။
သူ့ကြောင့်ဘဲလား သူ့အကြောင်းကိုတွေးရင်းဘဲလား
ဆောဂျွန်းကြောင့်လားတော့မသိပေမယ့် social media မှာ updateမဖြစ်သည်ကိုတော့သိပ်ဘဝင်မကျ။

အခုဆိုရင်တပတ်ပြည့်ပြီဖြစ်ပြီး စာမေးပွဲဖြေရန်ပင်သိပ်မလိုတော့။
နောက်ဆုံးနှစ်ဖြစ်လို့ အမှတ်ဘယ်လောက်ဘဲရရ အောင်တော့အောင်,အောင်လုပ်ရမည်ဟုစိတ်ကိုတင်း၍ စာကိုပြန်လုပ်သော်လည်း စာထဲစိတ်ကသိပ်မပါပေ။
ဆိုဟီးဘာတွေဖြစ်နေလဲသူသိချင်သည်။
စာလုပ်ပျင်းသည့်ထိုကောင်လေး အခုရောစာတွေရရဲ့လား။
အစားရောပုံမှန်စားရဲ့လား။သူမရှိတော့ဘယ်သူနဲ့တူတူထိုင်လဲဆိုတာကအစ ဆိုဟီးနှင့်ပတ်သက်သမျှအကုန်သိချင်မိသည်။

𝐖𝐡𝐢𝐬𝐩𝐞𝐫𝐞𝐝 𝐑𝐞𝐠𝐫𝐞𝐭𝐬 (𝘚𝘦𝘶𝘯𝘨𝘴𝘰)Where stories live. Discover now