SIX

38 7 0
                                    

(UNICODE)

Song recommend; EXO-First Snow

Sohee's POV pt.2

Switzerlandကမင်္ဂလာဆောင်ကိုဆိုဟီးမသွားဖြစ်ပေ။

ဆွန်းဟန်မရှိတော့တဲ့အချိန်ကစလို့ social mediaလဲသိပ်မသုံးဖြစ် ဖုန်းလဲသိပ်မကိုင်ဖြစ်ဘဲ
မိသားစုကိုသာပိုပြီးအချိန်ပေးဖြစ်သည်။

နောက်ထပ်သူငယ်ချင်းလဲထပ်မထားဖြစ်တော့ဘဲ ကြောင်လေးတကောင်ကိုသာမွေးဖြစ်ပြီး
ကြောင်လေးနဲ့ဘဲဆော့ ကြောင်လေးနဲ့ဘဲစကားပြော တနေ့တာကိုကုန်ဆုံးနေသည်။

ဆွန်းဟန်ကိုသတိရပေမယ့် အဆက်အသွယ်တော့မလုပ်ဖြစ်ခဲ့ဘူး။ဆွန်းဟန်ဘက်ကလည်းသူ့ကိုဆက်သွယ်မလာခဲ့ပါ။

တိုက်ဆိုင်မှုတွေရော အမှတ်တရတွေရောကြောင့်တနေ့မှာအနည်းဆုံး2ကြိမ်တော့ ဆွန်းဟန်ကိုသတိရမိပါသည်။
သူ့အနားမှာအမြဲတမ်းအရိပ်လိုရှိနေပေးတဲ့ဆွန်းဟန်ကိုသိပ်ကိုသတိရသည်။

စာမေးပွဲအောင်စာရင်းထွက်တော့လည်းဆွန်းဟန်ကသူ့ထက်ကိုအမှတ်ကောင်းသည်။သူကတော့ဆွန်းဟန်လောက်မကောင်းပေ။

သာမန်တက္ကသိုလ်မှာဘဲ Korean majorနဲ့တက္ကသိုလ်ဆက်တက်ဖြစ်တယ်။
အမှတ်ကောင်းတဲ့ဆွန်းဟန်ကရော ဘယ်majorကိုယူလောက်မှာလဲ majorမတူရင်တောင်သူ့ဆီကိုလာလည်မှာလားစသဖြင့်အတွေးများကိုနယ်ချဲ့မိသည်။

သူများတွေ သူငယ်ချင်းတွေနဲ့ နေရာအသစ်တွေ check inဝင်တာတွေ့ရင် ဆွန်းဟန်သာရှိရင်တူတူသွားဖြစ်ပြီး သူ့ကိုဓာတ်ပုံလှလှလေးတွေရိုက်ပေးဦးမှာ
အခုတော့သူတယောက်ထဲဘဲသွားစားဖြစ်သည်။

စာရေးနေရင်ဘေးနားကနေပြုံးပြီးကြည့်နေတတ်တဲ့ဆွန်းဟန်ကိုသတိရတယ်။
သူ့ကိုအလျော့ပေးတဲ့ဆွန်းဟန်ကိုသတိရတယ်။
သူဂျစ်သမျှအပြုံးမပျက်ခံပေးတဲ့ဆွန်းဟန်၊
သူ့ကိုဘဲ ဦးစားပေးတဲ့ဆွန်းဟန်၊ သူပျော်ဖို့အတွက်နှလုံးသားတခုလုံးကိုပါချနင်းလိုက်တဲ့ဆွန်းဟန်၊
နောက်ပြီး သူ့ဘေးကနေအပြီးအပိုင်ထွက်သွားတဲ့ဟုန်းဆွန်းဟန်။

အခုချိန်မှာတော့ ဆွန်းဟန်ကသူ့ကိုချစ်နေသည်ဆိုတာကိုလက်ခံနိုင်လာသလိုဘဲ။

𝐖𝐡𝐢𝐬𝐩𝐞𝐫𝐞𝐝 𝐑𝐞𝐠𝐫𝐞𝐭𝐬 (𝘚𝘦𝘶𝘯𝘨𝘴𝘰)Where stories live. Discover now