1

7.3K 88 0
                                    

The smell of olives – 1

မျိုးရိုးဗီဇလက္ခဏာ တွေ ကွဲပြားသွားပြီးနောက် သူတို့ သူငယ်ချင်းကြား အခိုက်အတန့်လေးတစ်ခုကြီးစိုးလျှက်ရှိသည်။ မိုးသက်အာကာ ကDominant Omega ဖြစ်ပြီး ရာစုခေတ် ကတော့ Beta ဖြစ်နေခဲ့သည်။ ဗီဇပြလာသည့်တိုင် မိုးသက်က လှသွေးကြွယ်လာပြီး သူ့ရဲ့ ဖယ်ရိုမုန်းအနံ့ဟာ ပူစီနံ အနံ့ဖြစ်ပြီး ပူရှိန်းရှိန်းလေးဖြစ်ကာ သင့်ပျံ့ပြီး လတ်ဆတ်သည့်အရသာကို ပေးစွမ်းနိုင်သည်ဟု ပြောတတ်ကြသည်။ ခန္ဓာကိုယ်အရွယ်အစားကသေးသွယ်ပြီး လက်ကလေးတွေ ခြေထောက်ကလေးတွေဆို မထိရက်မကိုင်ရက်လောက်အောင်ကို လှပပြီးတင့်တယ် ခဲ့လေသည်။

“ခေတ် ငါ့ကို ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ”

“Omega တွေကလှတယ်လို့ပြောကြတယ် အဲ့ထဲမှာ မင်းကအလှဆုံးပဲလို့ငါထင်တယ်”

“ဟွန့် ငါ့ကို လာပြီးမြှောက်ပင့်နေပြန်ပြီ ဒါနဲ့လေ သက္ကရာဇ်က Dominant Alpha တဲ့”

မိုးသက် က သူ့အနားသို့တိုးကပ်ပြီးတိုးတိုးလေးပြောလာသည်။ မိုးသက်မျက်နှာကပြုံးရွှင်နေပြီး ရှက်သလိုလို မျက်နှာလေးနှင့်ဖြစ်လေသည်။ သက္ကရာဇ်က Alpha ဖြစ်မယ်ဆိုတာ သူတို့အစောကြီးကတည်းကခန့်မှန်းကြပြီးသား dominant ဖြစ်မယ်လို့တော့မတွေ့မိခဲ့ကြပေ။ Alpha ဆိုတာ Omega နဲ့မှလိုက်ဖက်တာဖြစ်သလို သူ့လို Beta တစ်ယောက်နဲ့လားလားမှသက်ဆိုင်တာမဟုတ်။ဒါ့ကြောင့် သက္ကရာဇ်ကို သဘောကျနေပေမဲ့ မိုးသက်ကိုဝန်မခံရဲခဲ့

“မင်းနဲ့ဆို အရမ်းလိုက်မှာပဲ သိလား”

“ဟာ ခေတ်နော် ငါ့ကိုရှက်အောင်လုပ်နေပြန်ပြီ”

“တကယ်ပြောတာ ကျောင်းမှာဆို မင်းကအလှဆုံး omega ပဲကို မင်းရဲ့ ပူရှိန်းအနံ့လေးကို လူတိုင်းကချီးကျူးနေကြတာ သက္ကရာဇ်ကလည်း မင်းကို ကြိုက်မှာကျိန်းသေတယ် သိလား”

ခေတ်နဲ့ မိုးသက်စကားပြောနေရင်းပင် ထမင်းစားဆောင်ထဲသို့ သက္ကရာဇ်ဝင်လာသည်။သက္ကရာဇ်ဝင်လာသည်နှင့် Omega တွေအကုန်လုံးကတိတ်ဆိတ်ကုန်ကြပြီး သက္ကရာဇ်ရဲ့ ဖယ်ရိုမုန်းအနံ့ကို အရသာခံလေ့ရှိကြသည်။ ခေတ်လည်း သူ့ရဲ့အနံ့ကို ရဖူးချင်ခဲ့သည်။ဒါပေမဲ့ beta တစ်ယောက်မို့ ဘယ်တော့မှ ရမည်မထင်

The Smell of Olive (Complete )Where stories live. Discover now