The smell of olives - 3
“ကျေး…ကျေးဇူး”
“မင်းဖိနပ်ရော”
“ဖိနပ်ပြတ်သွားတယ် လေ ငါသွားပြီ “
စက်ဘီကို ဒေါက်ဖြုတ်ပြီး နင်းမယ်ကြံတော့စက်ဘီးရဲ့ နောက်ဘီးကသိသိသာသာပြားနေလျှက် ထိုဘီးကိုမြင်တော့ ခေတ်ထိုင်ငိုချင်မိသွားသည်။ကျွတ် ကွဲသွားရင် အသစ်ထည့်ဖို့ပိုက်ဆံသူ့မှာမရှိ ပြီးတော့ဒီနေရာနဲ့အိမ်နဲ့ကအတော်လေးဝေးပြီး နှစ်နာရီနီးပါးလမ်းလျှောက်သွားရမှာဖြစ်သည်။ခြေထောက်က လုံးဝထက်လျှောက်ဖို့မရှိတော့တာကြောင့်ဘဒုက္ခအကြီးအကျယ်တွေ့နေရသည်။
ဒုက္ခရောက်နေချိန်တောင် မိုးသက်အာကာအတွက် သူ့ကိုရန်လုပ်သည့်အပြင် သူရှိနေတာကိုဂရုမစိုက်ဘဲ ငိုမဲ့မဲ့လုပ်နေသည်။ ရာဇ်ရေ ငါ့ကို ကူညီပါ ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါဟု ပြောလာမည်ကိုစောင့်နေပေမဲ့ သူက ပလက်ဖောင်းပေါ်ထပ်မံထိုင်ချလိုက်ပြီး သူ့ရဲ့စက်ဘီးကို သေချာစစ်ကြည့်ကာ
“မိုးချုပ်တော့ မင်းမပြန်သေးဘူးလး သက္ကရာဇ်”
“ရှုခင်းလှလို့ကြည့်နေတာ”
“သြော်”
အနောက်ဘက်သို့သူကပါလှည့်ပြီးသြော်တဲ့ သြော်တဲ့လား …… သက္ကရာဇ်ကပဲမနေနိုင်စွာ
“ငါမင်းအိမ်လိုက်ပို့ပေးမယ်”
“မဖြစ်ဘူးလေ စက်ဘီးကို ဒီအတိုင်းထားခဲ့လို့မရဘူး”
“ထားခဲ့လိုက်စမ်းပါ မင်းစက်ဘီးသက်တမ်းက မင်းထက်တောင် ဆယ်နှစ်ကြီးလောက်မယ် ဒီလောာက်စုတ်ပြတ်သတ်နေတဲ့ဟာ ကို”
“မင်းကတော့လေ ထားပါတော့ ငါ့ဘာသာပဲတွန်းပြန်သွားလို့ရတယ် “
“ဆိုင်ကယ်ပေါ်တတ်”
“ဟမ်”
တကယ်ကို နားမလည်လို့ ဟမ်ဟုပြောလိုက်ခြင်းဖြစ်သည်။သူသဘောကျတဲ့ မိုးသက်ကိုလိုက်ပို့ဖို့တောင်မအားတာ အခုလိုပြောလာတော့ သူ့အတွက် ထူးဆန်းနေလေသည်၊
“ဆိုင်ကယ်ပေါ်တတ်လို့ပြောနေတာ နားကန်းနေတာလား”
“ငါက ငါက ထားပါ ငါ့စက်ဘီး…”
YOU ARE READING
The Smell of Olive (Complete )
Fantasyဒီ Fic လေးကတော့ Sky ရေးသားထားတဲ့ Fiction လေးဖြစ်ပါတယ်ဗျ💙🍭