2

3K 58 0
                                    

The smell of olives -  2

ကျောင်းဆင်းခါနီး၌ ရာဇ်ဆိုင်ကယ်စက်နှိုးနေတုန်း သူ့မှာ အပြေးအလွှားပြေးသွားပြီး လက်ကို လှမ်းဆွဲလိုက်မိသည်။ ပြေးလာရတာကြောင့် ခေတ် အသက်ကိုအရင်လုရှူရင်း ရာဇ်ကို ခဏနေပါအုံးဆိုသည့်မျက်နှာအမူအရာဖြင့်

“ဘာလို့အသည်းအသန်ပြေးလာတာလဲ ဒီလောက်ထိမောဟိုက်နေတာ ရေရော့”

ရာဇ်က သူ့ရဲ့ကိုယ်ပိုင်ရေဗူးကို ထုတ်ပေးပေမဲ့ ခေတ် ခေါင်းခါပြီး အသက်ကိုသာ ပုံမှန်မဖြစ်မချင်းရှူသွင်း ရှူထုတ်နေလျှက်

“ဟို ဟို…..ဟင်း သက္ကရာဇ် ငါအကူအညီတောင်းစရာရှိလို့”

“အင်း ပြော…”

“မိုးသက်လေး လေသူ့အိမ်ကကားလာမကြိုလို့ မင်းသူ့အိမ်ကိုလိုက်ပို့ပေးလို့ရမလား”

ခေတ် ရဲ့စကားကြောင့် ရာဇ် ရဲ့မျက်ခုံးထူထူ ကြီးတွေက ထိကပ်လုနီးပါးဖြစ်ကာ ခေတ်ကာ အာရုံစိုက်မနေဘဲ helmet ကိုဆောင်းလိုက်ရင်း

“Sorry ငါမအားဘူး”

“ရာဇ် နေပါအုံး တောင်းပန်ပါတယ်ကွာ မိုးသက် တစ်ယောက်တည်းပြန်ရင် အန္တရာယ်များလို့လိုက်ပို့ပေးပါ”

“သူ့အိမ်ကို ဖုန်းဆက်ပြီးလာကြိုခိုင်းလိုက်လေ ငါကဘာလို့ လိုက်ပို့ရမှာလဲ မင်းပြောမှာဒါပဲမလား ဖယ်တော့”

“သက္ကရာဇ် !!”

လက်ကိုဆွဲဖယ်ပြီး မောင်းထွက်သွားတဲ့ဆိုင်ကယ်ကြောင့် ခေတ်သက်ပြင်းကြီးကြိးချလိုက်မိသည်။ခေါင်းမာလိုက်တဲ့ကောင် ဒီလောက်အခွင့်အရေးကြီးပေးတာကို ဘာကအရေးကြီးနေလို့လဲ

သက္ကရာဇ်မောင်းထွက်သွားတော့ မိုးသက်က နံရံအကွယ်ကနေထွက်လာပြီး မျက်နှာလှလှလေးကဆူပုတ်နေခဲ့သည်။ ခေတ်လည်း ကူညီမယ်ဆိုတာဖြစ်ဖြစ်မြောက်မြောက် မကူညီနိုင်တော့ အားနာလွန်းစွာ မိုးသက််ကိုပင် မကြည့်ရဲ

“မိုးသက် ငါတောင်းပန်ပါတယ်”

မိုးသက်ကတော်တော်နဲ့စကားပြန်မပြောပေမဲ့

“ရပါတယ် သူအရေးကြီးကိစ္စရှိလို့နေမှာပါ ဒါဆိုလည်း ငါ့ကို တစ်ခုကူညီလို့ရမလား”

The Smell of Olive (Complete )Where stories live. Discover now