ထိုနေ့ကို ငယ်လေး ဘယ်သောအခါမှမေ့နိုင်မည်မဟုတ်။ ငယ်လေး ကမ္ဘာပြိုသောနေ့။ငယ်လေး အားကိုရာ မိဘနှစ်ပါးလုံးကို ဆုံးရှုံးရသောနေ့။ထိုနေ့က ငယ်လေး မိန်းကျောင်းရှေ့က ထမင်းဆိုင်မှာ နေ့လည်စာစားနေချိန် ဖုန်းခေါ်ဆိုမှုတစ်ခုမှစတင်ကာ ငယ်လေးဘဝ ခိုးကိုးရာမဲ့ အမိမဲ့အဖမဲ့ဘဝသို့ ရောက်ခဲ့လေပြီ။ ဖေဖေနှင့်မေမေ ကားaccident ကြောင့်ဆုံးပါးသွားပြီဖြစ်ကြောင်း ဇာတိမြင်းခြံသို့ ချက်ချင်းပြန်လာရန် အကြောင်းကြားခြင်းဖြစ်သည် ။
ငယ်လေး မယုံနိုင် ၊စနောက်နေခြင်းလား ဒါမ်ျုးက စနောက်လို့ကောင်းသောအရာမဟုတ်။ ဆယ်တန်းအောင်ပြီးစ ငယ်လေးတစ်ယောက် မန္တလေးတက္ကသိုလ် သို့ရောက်မှသာ မေမေနှင့်ဖေဖေနှင့် စတင်ခွဲဖူးခြင်းဖြစ်သည်။ ထိုခွဲခွာခြင်းက တစ်သက်လုံးခွဲခွာခြင်းဖြစ်ခဲ့သည်လား ။
ငယ်လေး မီှရာကားနှင့်မြင်းခြံသို့အမြန်ပြန်ရသည်။ရောက်သည်နှင့် မယုံနိုင်ဖွယ်သတင်းအားအတည်ပြုပေးသော ဖေဖေနှင့်မေမေရဲ့ deadbodies တွေကို တွေ့ရသည်။ ငယ်လေး ဖြေမဆည်နိုင် ရင်ထဲဆို့နင်ကာ အသံမထွက်ဘဲ မျက်ရည်တွေချည်းသာ ကျနေမိတော့သည်။
ဖေဖေ....
မေမေ....
တစ်ဦးတည်းသော သမီးငယ်လေး ဒီမိသားစုသုံးယောက်တွင်ငယ်လေးသာကျန်တော့သည်။ ငယ်လေး တစ်ယောက်တည်း ။ ငယ်လေး ချောင်တစ်ချောင်တွင် ကပ်၍ မျက်ရည်တွေသာတွင်တွင်ကျနေမိတော့သည်။ ငယ်လေး ဘယ်လိုရှေ့ဆက်ရမလဲ ။ဖေဖေနှင့်မေမေ၏ နာရေးအခမ်းအနားကို ဖေဖေနှင့်မေ့မေ့သူငယ်ချင်း ဦးမြတ်က ဦးဆောင်လုပ်ပေးသွားသည်။ ရပ်ေဆွရပ်မျိုးများကလည်း ကူပေးကြပါသည်။ အကုန်လုံးက စုတ်တသပ်သပ်။ ကျန်နေခဲ့သော ငယ်လေးကို သနားတယ်ဟု ဝိုင်းပြောကြသည်။ သူတို့ သနားတာ ငယ်လေး ဘာလုပ်ရမှာလဲ ။ ခု ငယ်လေး တစ်ယောက်တည်းလေ ။ငယ်လေးမှာ တစ်ယောက်တည်းကျန်တော့တယ် ။
နာရေး ပြီးတဲ့နောက် ည အိပ်ဖို့က အစ ငယ်လေး ခြောက်ခြားနေမိသည်။ မေ့မေ့ ၏ အဒေါ်ဖြစ်သူ ကြီးတော်က အဖော်လာအိပ်ပေးသည် ။သို့သော် ငယ်လေး အိပ်မပျော် ငိုချင်လို့သာနေသည်။ ငိုမြဲငိုလျက် ။ လွမ်းတယ် ဖေဖေနှင့်မေမေ ။
နောက်ရက် ရပ်ဆွေရပ်မျိုများနှင့်ကြီးတော်တို့နှင့်အတူ ဦးမြတ်သောမောင် နှင့် အစ်မတစ်ယောက် ငယ်လေးတို့အိမ်ရောက်လာသည်။ ငယ်လေးရဲ့ ရှေ့ရေးနှင့်အနာဂတ်အတွက် ဦးမြတ်က တာဝန်ယူချင်ကြောင်း ။ ငယ်လေးကို တက္ကသိုလ်ဆက်ထားပေးဖို့ရန် စီစဉ်ထားကြောင်း ရပ်ဆွေရပ်မျိုးများနှင့်တကွ ကြီးတော်ရှေ့တွင်ခွင့်တောင်းသည်။ ကြီးတော်အနေနှင့်လည်း တင်ကျွေးထားနိုင်ပေမယ့် ကျောင်းဆက်ထားပေးဖို့ အဆင်မပြေသည်ဖြစ်ရာ ဦးမြတ်၏ ခွင့်တောင်းမှုသည် လွယ်လင့်တကူပင် အဆင်ေြပသွားခဲ့သည် ။
သို့နှင့် ငယ်လေး တစ်ယောက် မြင်းခြံမှ မန်းလေးမြို့ကြီးသို့ ရွေ့ပြောင်းနေထိုင်ခဲ့ရလေသည်။ ဦးမြတ်သည် ထိုအချိန်မှစကာ ငယ်လေး၏အုပ်ထိန်းသူ ဖြစ်လာခဲ့သည်ပင်။
YOU ARE READING
ကိုးကွယ်ရာ
Short Storyဦး မှာ ငယ်လေးရှိတယ်လေ ။ တခြားမိန်းမတွေ ဘာလို့လိုနေတာလဲ ? - ပိုးဥ (ငယ်လေး) ငယ်လေး ... ဘယ်လိုတွေပြောနေတာလဲ ငယ်လေးက ကိုယ့်ရဲ့သမီး တူမ တစ်ယောက်အနေနဲ့လေ ။ တခြားသူတွေဆိုတာ က ယောကျာ်းမိန်းမဆက်ဆံရေး။ ငယ်လေး နားမလည်ပါဘူး ။ - မြတ်သောမောင်