Part 8

2.9K 6 0
                                    

ငယ်လေး နှင့် ဦးမြတ် တို့ အတူလက်တွဲနေထိုင်ဖို့ ဆုံးဖြတ်ပြီးကတည်းက ဦးမြတ်သည် ကလေးဆိုးကြီးတစ်ယောက်လို ဖြစ်လာခဲ့သည်။ သို့သော် ဦးမြတ်စိတ်တိုလျှင်တော့ ငယ်လေးကြောက်သည်။ ဦးမြတ်စိတ်တိုလျှင် လက်လုံးဝပါလေ့မရှိသော်လည်း မျက်လုံးအကြည့်နှင့် စကား‌ေပြာလျှင်အသံမာကြီးကပင် ငယ်လေးကြောက်ဒူးတုန်ဖို့ လုံလောက်သည် ။

မြင်းခြံက ကားလိုင်းများနှင့်ပတ်သက်၍ ဖေဖေမရှိတည်းက ဦးမြတ်ကသာ ဦးဆောင်လုပ်ကိုင်သည်။ ယနေ့ မြင်းခြံဘက်တွင် ပြသာနာတက်ရာ ဦးမြတ်ဖြေရှင်းဖို့သွားရသည်။ ငယ်လေးက မြင်းခြံကို ဦးမြတ်နဲ့အတူ လိုက်ချင်တယ်။ ဦးမြတ်ကမခေါ် သောကြောင့် ငယ်လေး စိတ်ဆိုးပြီး အိမ်မှာကျန်နေရစ်ရသည်။ အိမ်မှာ ကျန်နေသော ငယ်လေး သည် စိတ်ပေါက်ပေါက်နှင့် အပြင်ထွက် ပြီး လျှောက်လည်မည်တွေးသည် ။ ဦးမြတ်က ဆိုင်ကယ်‌ဝယ်ပေးထားပြီး ဆိုင်ကယ်စီးသင်ပေးထားသည်။ သ့်ုသော် ငယ်လေး ကျွမ်း"ကျင်"မစီးတတ်။ ဦးမြတ်က မှာထားသည် သူမပါလျှင်ဆိုင်ကယ်မစီးရ ဟု၍ ။ သို့ရာတွင် ယနေ့ ဦးမြတ်ကို စိတ်ကောက်ကာ ငယ်လေး တစ်ယောက်တည်း ဆိုင်ကယ် ပတ်စီးဖို့ ဆုံးဖြတ်လိုက်သည် ။

အပေါ်က top ချိုင်းပြတ်လေးနှင့် အောက်ကဂျင်းဘောင်းဘီနှင့် ငယ်လေး ပြင်ဆင်ပြီး ဆိုင်ကယ်စီးထွက်သည် ။ အိမ်ထဲမှာ‌ေနရတာ ပျင်းနေပြီလေ ။
အစ ပိုင်းတော့ မဆိုး ၊ ငယ်လေး ဆက်စီး ကြည့်သည် လွတ်လပ်သည် ပေါ့ပါးသည် ၊ အဆင်ပြေသည် နောက် တဖြည်းဖြည်းချင်း  အိမ်ရှိရာလမ်းနှင့် ပိုဝေးလာ သည် ။ ဆိုင်ကယ်စီးရတာ ပို၍ အဆင်ပြေလာသည် ။ လေတဟူးဟူး နှင့် စိတ်ရော လူပါ လန်းဆန်းသွားသလိုပင် ကြောက်စိတ်လည်း မရှိတော့ ။ ထို အချိန် ဖုန်းဝင်လာသည် ဦးမြတ်ဆီက ငယ်လေး ဘယ်မှာလဲ မေးသည် ။ သေချာပြီ ဦးမြတ်အသံကမာကာ ဒေါသထွက်နေပြီ ငယ်လေး ဆိုက်ကယ်ထွက်စီးကြောင်း ဦးမြတ်သိသွားပြီ။ ဘယ်လိုသိသွားပါလိမ့် ။

ငယ်လေး ကို ရောက်တဲ့နေရာမှာ ရပ်ကာ စားသောက်ဆိုင်တစ်ခုထဲ ဝင်နားနေရန်နှင့် ဆိုင်နာမည်နှင့်လမ်းနာမည်မေးသည် ။ ခဏ အကြာ စောင့်ပြီးနောက် ဦးမြတ်ရောက်လာသည် ကားနှင့်ဖြစ်သည် ။ ဦးမြတ်နောက်က ကောင်လေး တစ်ယောက်က ဆိုင်ကယ်ကိုယူစီးသွားသည်။
" ကား ပေါ်တက် ငယ်လေး "
" ဦးမြတ် ဘယ်လိုရောက်လာတာလဲ မြင်းခြံမသွားဘူးလား "

ကိုးကွယ်ရာ Where stories live. Discover now