Part 5

3.2K 7 0
                                    

စကားများပြီး နောက်ပိုင်း ဦးမြတ်ကို တွေ့ရခက်လာသည်။ ဦးမြတ် အိမ်ပြန်ချိန်တွေ ပိုနောက်ကျလာသည်။ဟိုအစ်မကြီးနှင့်တွဲသွားတွဲလာတော့ မမြင်ရတော့ ။ အရက်တွေ လည်း သိသိသာသာသောက်လာသလိုပင်။

ငယ်လေးလည်း စိတ်ရှုပ်လာသည်၊ ငယ်လေး ဦးမြတ်ကို ချစ်သည် အားကိုးယုံကြည်သည်၊ ဦးမြတ်ကငယ်လေးဘေးနာတွင် အမြဲရှိနေပေးမည်ဟု ယုံကြည်ခဲ့သည်။ တကယ်လည်း ဦးမြတ်က ငယ်လေးဘေးနားအမြဲရှိပြီးဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်ပင်။သို့သော် တူမတစ်ယောက်အနေဖြင့်သာ။ အချိန်တန်လျှင် ဦးမြတ်ဘေးနားတစ်ယောက်ယောက်ရှိလာမည်သာ ထ်ုအချိန်ဆိုလျှင် ငယ်လေးက ဘေးထွက်နေရမည်မဟုတ်ပါလား။ ထိုအကြောင်းကိုနားလည်လာလေ ငယ်လေးရင်ပူလာလေဖြစ်ကာ ဦးမြတ်ကို ဘေးနားအမြဲရှိနေစေချင်ကာ အပိုင်လိုချင်လေပင်။ သို့သော် ဦးမြတ်က စည်းထိန်းကာ ငယ်လေးအား တူမတစ်ယောက်လ်ုသာ သဘောထားမြဲ။ တကယ်တမ်း သွေးမတော်သားမစပ်ပဲမဟုတ်လား။ ငယ်လေး စေ့စေ့တွေးကာ အလုပ်လျှောက်ကာ အပြင်အလုပ်လုပ်ရန် ကြိုးစားသည်။

ငယ်လေး ဆုံးဖြတ်လိုက်ကာ အလုပ် interview ဝင်ဖြေသည်။ ကျောင်းနှစ်လ ပိတ်ရက်တွင် အလုပ်ဝင်လုပ်မည်။ ပိုက်ဆံစုကာ အဆောင်ပြောင်းမည်။ ကျောင်းဖွင့်လျှင်အဝေးသင်ပြောင်းတက်တော့မည်။ ဖေဖေချန်ခဲ့သော အလုပ်မှ ငွေးကြေးအနည်းငယ်ကို ဦးမြတ် bank acc ဖွင့်ပေးထားတာ ရှိသည် ။

ညနေ အလုပ် interview မှ ပြန်လာချင်းချင်း ထူးဆန်းစွာ ဦးမြတ်ကို ဧည့်ခန်းမှာတွေ့ရသည်။ ဦးမြတ် နှုတ်ခမ်းမွှေးတွေ မရိတ်ထား ။ အရင်က သပ်သပ်ရပ်ရပ်ဦးမြတ်က ခု က အရင်နဲ့မတူ အနည်းငယ် ထူးဆန်းနေသလိုပင်။ ဒီရက်ပိုင်းအတွင်း ဦးမြတ် အရက်နေ့တိုင်းသောက်ပြီးပြန်လာတာ ငယ်လေးတွေ့သည်။ ညတံခါးဖွင့်သံကြားတိုင်း ငယ်လေး အပြေးလာဖွင့်သည်။ သို့သော် ဦးမြတ်က ကိုင်တိုင်ဖွင့် ကိုက်တိုင်ပြန်ပိတ်ကာ  ငယ်လေးနှင့် ခဏ စိုက်ကြည့်ပြီး အကြည့်ပြန်လွှဲသွားလေ့ရှိသည်။ ဘာစကားမှမပြော ။ မနက်ထမင်းဝိုင်းတွင်လည်း သေချာ မတွေ့ရ သည်မှာ တစ်လကျော်ရှိပြီဖြစ်သည်။ ယန့မှ ထူးဆန်းစွာ ဧည့်ခန်းမှာ ။

ကိုးကွယ်ရာ Where stories live. Discover now