ခလွမ်း!
ခွပ်! ခွပ်! ခွပ်!
ဟာရူတို ဂန်ဂျီဝန်းဆိုသူ၏ အပေါ်မှတက်ခွ၍ အားရပါးရပင်အကြိတ်အနယ်ထိုးနေတော့သည်။
အောက်ကလူမှာလဲ သေတော့မည့်လူလိုပင်ဖြစ်နေတော့သည်။ ထိုလူမှာ လက်နဲ့ပြန်တိုက်ခိုက်ပင်မဲ့ မရ။
ထိုအခြေနေကိုလဲ ဘယ်သူမှဝင်မစွတ်ဖက်ရဲကျပေ။ အားလုံးက ဝိုင်းကြည့်၍သာ နေကျသည်။ တစ်ချိုမှာတော့ ဖုန်းများထုတ်၍ လိုက်ဖ့်လွင့်သူကလွင့် ဗီဒီယို ရိုက်သူကရိုက်၍ အလုပ်ရှုပ်သူများလဲရှိကျသည်။
ထိုအချိန် ဟာရူတို ဆိုသည့်လူသားအား တားနိုင်မည်လူရောက်လာလေသည်။
"မောင့် တော်တော့ သေကုန်မယ်!"
"........."
"မောင့်! စိတ်ဆိုးတော့မှာနော်! အိပ်ပြန်မယ် တော်လိုက်တော့"
ဟု ပြောလိုက်တော့မှဘဲ ရန်ဖြစ်ပွဲဟာ အဆုံးသတ်သွားတော့သည်။
ထိုအခါ ကင်မ်ဂျွန်ဂယူ့ မှာ သူချစ်ရသူရှိပြေးလာ၍ မျက်နှာလေးအား လက်နှစ်ဖက်ဖြင့်ကိုင်ကာ စိတ်ပူသည့်လေသံဖြင့်..
"မောင့်! ဘယ်နားထိသွားသေးလဲ ဟမ် ထိုးခံရသေးလား နာလား မဖြစ်ဘူး! ဆေး..ဆေးရုံသွားမယ်လာ လက်မှာလဲ သွေးတွေထွက်နေပြီ!"
ကင်မ်ဂျွန်ဂယူ့ ပုံစံကိုကြည့်၍ ဟာရူတို ခပ်ဖွဖွလေးပြုံးပြီး..
"ခင်ဗျားရယ်..ကိုယ်ဘာမှမဖြစ်ပါဘူး၊ အဲ့တာကြောင့် ဆေးရုံမသွားလဲဖြစ်တယ်"
"ဟင့် ဒါမဲ့လက်ကသွေးထွက်နေတယ်လေ မောင်ရဲ့"
"ဒါဆိုမင်းကိုတိုင် မောင့်လက်ကိုဆေးထဲ့ပေးလေဗျာ"
"အင်း ဟုတ်ပြီ! ဒါဆိုအိမ်ပြန်ကျမယ် လာ"
"ဟင်းး ဒါပေါ့"
ကောင်လေးနှစ်ယောက်သည် ပတ်ဝန်းကျင်မှာဘယ်သူမှမရှိသလို စကားတွေပြောပြီး Bar မှထွက်လာလိုက်ကျသည်။
"ခင်ဗျား"
"အွန်း ပြောမောင်"
"စိတ်မပျက်ဘူးလား"
"ဘာကိုလဲ"
"ကိုယ့်ကိုလေ"
ထိုအခါ ကင်မ်ဂျွန်ဂယူ့မှာ ဟာရူတိုမျက်နှာချင်းဆိုင်ရပ်လာ၍