"မောင့်"
ဘုတ်!
ကင်မ်ဂျွန်ဂယူ့ဆိုသည်မှာ မောင်ဆိုသည့် ဟာရူတို့ကိုမြင်ရင် ပတ်ဝန်းကျင်ကိုသတိမရတော့ အခုသူ့ခြေထောက်အောက်က ခဲတုံးက ခလုတ်တိုက်မိသည်။
"ဘေဘီ!"
ဟာရူတို လှဲကျသွားသည့်သူအား အပြေးသွား၍ ထူပေးရလေသည်။
"အင့်! အီးးဟီးး မောင်.."
"ကျစ်! ဖြေးဖြေးထ မောင်ချီရမလား"
"ဟုတ် အင့်!"
ထိုအခါ ဟာရူတို စွေ့ခနဲကို လက်မောင်းကနေချီလိုက်လေသည်။
"အင့်! မောင် နာတယ်"
"ဟုတ်ပြီ၊ မောင်ဧည့်ခန်းထဲရောက်ရင် ဆေးထည့်ပေးမယ်"
"ဟုတ်"
အိမ်ထဲဝင်ပြီး ဧည့်ခန်းထဲရောက်တော့ ကင်မ်ဂျွန်ဂယူ့အား ဆိုဖာပေါ်ချ၍ ဆေးဗုံးယူ၍ အောက်သို့ထိုင်ချလိုက်သည်။
"နာမှာလား"
"ကိုယ်မှုတ်ပေးမယ်"
ဖူးးး~
"နာတော့ဘူး ဒါမဲ့ စပ်ဖျင်းဖျင်းလေး"
"အဲ့လောက်တော့ရှိမှာပေါ့ကွာ"
"မောင် ထ ဘေးမှာလာထိုင်"
"ဟုတ်ပါပြီ၊ အချွဲရာ.."
ဘေးမှာဝင်ထိုက်လိုက်တော့ ချက်ချင်းလို သူ့ရင်ခွင်ထဲဝင်၍ ဖက်လေသည်။
"အချွဲလေး ဟမ် လူကိုချွဲရတာအဲ့လောက်တောင်ကြိုက်လား"
"ဟီးးကြိုက်တာပေါ့"
ပြွတ်စ်!
"မောင်"
"အွန်း"
"ချစ်လား"
"ဒါပေါ့ ချစ်တာပေါ့ မင်းတစ်ယောက်ထဲကို"
"ဘယ်လောက်ထိလဲ"
"အင်း...ဘယ်လိုပြောရမလဲ၊ ကိုယ်တိုတွေ အဖိုးကြီးဖြစ်တဲ့ထိပေါ့ အကယ်လို့ နောက်ဘဝသာရှိသေးရင် မင်းနဲ့ဘဲ တွေ့ချင်တယ် မင်းကကိုယ့်ရဲ့ အချစ်ဦးနဲ့ အချစ်ဆုံးဘဲ"
"ဟင်းး ဒီကမ္ဘာပေါ်မှာ ကင်မ်ဂျွန်ဂယူ့လောက် ကံကောင်းတဲ့သူရှိဦးပါ့မလားမသိ"
"ဘာဖြစ်လို့လဲ"
"ဟီးး မောင်လေ မောင့်ကိုပိုင်ဆိုင်ရတာကံအကောင်းဆုံးဘဲ"
"ဘေဘီကတော့"
"ဟားးး"
အိမ်ဖြူလေး၏ ဧည့်ခန်းထဲမှာတော့ ရယ်သံများဖုံးလွှမ်းလျက်ရှိနေပြီး၊ ထိုလူကောင်လေးနှစ်ယောက်မှာတော့ တစ်ယောက်ကိုတစ်ယောက် ကျီစယ်နောက်စနေကျသည်။
"ချစ်တယ် မောင် မဆုံးမရှိ.."
"ထပ်တူပါဘဲ ဘေဘီ၊ ကိုယ်တို့ အဖိုးကြီးဖြစ်တဲ့ထိ တူတူရှိသွားကျမယ် ကိုယ်ကမင်းကို စောင့်ရှောက်မယ်၊ ကိုယ်ကမင်းကိုချစ်တယ် မြတ်နိုးတယ်"
8:49 (☁️)
EP-7လေးကိုသဘောကျမယ်လို့ထင်ပါတယ်ရှင်။💟
ဒုတိယအကြိမ်မြောက် ရေးတဲ့ထဲမှာ အဆုံးထိရေးပြီး ပြီးဆုံးသွားပါပြီ။ Perfect လေးကို ဖတ်ပေးတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။💌
လိုအပ်ချက်လေးတွေလဲရှိသေးလို့ အကြံပြုချင်တာလေးများရှိရင် ရေးသွားနိုင်ပါတယ်ရှင်။💌
ဘေးအန္တာရယ်ကင်းကျပါစေ။
ဂရုစိုက်ကျပါ။#kimondu_ruru🦥