"ဘေဘီ!"
"........."
မနက်စောစောစီးစီး ဟာရူတိုတစ်ယောက် ပြာယာခက်နေရတော့သည်။ အကြောင်းရင်းကတော့...
သူရဲ့ဘေဘီပင် နေမကောင်းသည်ကို လျှောက်သွားနေသည်လား အပြင်ဘဲသူမသိဘဲထွက်သွားလေသိလား တစ်အိမ်လုံးရှာတောင်မတွေ့၊ သူ့လူတွေအား တစ်မြို့လုံးပတ်ရှာရန် ခိုင်းလိုက်သော်လဲ အကြောင်းပြန်လာသည်မရှိ။
ဂျွတ်! ဂျွတ်! ဂျွတ်!
သူတို့အိမ်၏ ရုပ်ရှင်ခန်းထဲမှ တစ်ဂျွတ်ဂျွတ်နှင့် အသံကြားသည်ကြောင့် ဟနေသည့် အခန်းတံခါးလေးအား ဆွဲ၍ဖွင့်ကြည့်လိုက်တော့..
ပန်းရောင်ညအိပ်ဝတ်စုံမှ အရုပ်လေးတွေပါသည့် အင်္ကျီဖြင့် လက်ထဲမှာလဲ အာလူးကြော်ထုတ်ကိုကိုင်ထားသည့် သူ့ကိုကြည့်တော့ သူထင်တာမမှား ကင်မ်ဂျွန်ဂယူ့ပင်ဖြစ်နေသည်။
"ကင်မ်ဂျွမ်ဂယူ့!"
အနောက်မှ သူ့နာမည်အား ဒေါသသံပါသည့် ခေါ်နေသူကို လှည့်ကြည့်၍ ပြုံးဖြီးပြလိုက်နေသည်။
"ဟဲဟဲ မောင်"
"ခင်ဗျား ဘာလုပ်နေတာလဲ ဟမ်! ဒီမှာ ခင်ဗျားကိုမတွေ့တော့လို့ စိတ်ပူနေတာရောသိရဲ့လား! နောက်ပြီး ဘာလို့ အားလူးကြော်တွေ စားနေတာလဲ ကိုယ့်ကိုယ်ကို နေမကောင်းဘူးဆိုတာမသိဘူးလား ဘာပြောထားလဲ!"
"နေမကောင်းရင် ရင်ပြည့်တဲ့အစားစာတွေမစားရဘူးလို့ပြောထားတယ်"
"အဲ့တာဆိုဘာလို့ စားသေးလဲ!"
"မောင်ကလဲ ဘေဘီက စားချင်လို့မဟုတ်ပါဘူး ဒီတိုင်း..ပါးစပ်က စားချင်တယ်ပြောလို့ပေးစားလိုက်တာ"
"ပေါက်ကရတွေရှောက်ပြောမနေနဲ့!"
"ဟင့် မအော်ပါနဲ့ နေမကောင်းတဲ့သူကို"
"အဲ့နေမကောင်းတဲ့သူက ဒီလိုသရေစာတွေစားနေတာမဟုတ်ဘူးလား"
"........."
"တော်ပြီ ကင်မ်ဂျွန်ဂယူ့"
"အင့် မောင် ဘေဘီ...ဘေဘီ မောင်ဒေါသထွက်အောင်မလုပ်တော့ဘူးလေနော် ရော့ အဲ့မုန့်ထုတ်ယူလိုက် မစားတော့ဘူး"