"ဘေဘီ"
"ဟွန့် ဘာလဲ"
"ဘာကို ဘာလဲ ဒီကိုလာထိုင်!"
"ထိုင်ဘူး!"
"ကျစ်! ထမင်းစားရမယ်လေကွာ၊ မနက်ကလဲ နွားနို့ဘဲသောက်တယ် အခု နေ့လည်စာ စားမယ်ဆိုတော့လဲ မစားဘူး"
"ထမင်းမှ မကြိုက်တာကို ဒါမှမဟုတ် ကြက်ကြော်.."
"မရဘူး မစားရဘူး! အိမ်မှာချက်တာလေးတော့ စားပါကွာ ကောင်မလေးတွေလဲ ချက်ပေးထားတာဘဲကို"
"စားဘူး စားဘူး"
"ကိုယ် ခွံ့မယ်လေ"
ထိုအခါ သူ့ကို မျက်စောင်းလေးထိုးပြီး လာထိုင်လေသည်။
"အာ..."
"အပျင်းလေး"
"မြန်မြန်ခွံ့လေ ဗိုက်စာနေပြီ"
"ဟုတ်ပါပြီကွာ"
ကင်မ်ဂျွန်ဂယူ့တို့က ကိုယ့်ဘာသာစားဆို ထမင်းတစ်ပန်းကန်တောင်ကုန်တာမဟုတ်ဘူး တောင်ကြည့်မြောက်ကြည့်နဲ့။ အခုဆို ခွံ့ကျွေးတဲ့သူရှိပြီဆိုတော့ စားတာမြန်း နှစ်ပန်းကန်တောင်ကုန်သွားလေသည်။
"တော်ပြီ မစားနိုင်တော့ဘူး"
"တော်ပါသေးရဲ့ နှစ်ပန်းကန်တောင် စားလို့"
"ဘာလဲ အများကြီးစားတော့ မချစ်တော့ဘူးလား၊ လူကို ဝလာတယ်ဆိုပြီး နောက်ကျရင်ပြောတော့မှာလား"
"မောင်က မင်းအများကြီးစားလဲ ချစ်ပါတယ်ကွာ ဝလာလဲ ဘာဖြစ်လဲ လုံးလုံးလေးပေါ့နော်"
"မောင်နော် သူများကို ဟွန့်"
"ဘေဘီကလဲ ကိုယ်ကချစ်လို့ကို"
"တော်ပါ မောင်ကမချစ်ဘူး~"
"မင်းကို ဘယ်သူပြောလဲမချစ်ဘူးလို့"
"မပြောပါဘူး ခံစားမိတာပါ"
"ဘယ်လိုခံစားရလဲ ပြောပါဦး"
"မောင်က ဂရုမစိုက်ဘူး"
"ကိုယ်ဂရုမစိုက်ရင် ဒီလိုခွံ့ကျွေးပါ့မလားကွာ"
"မောင့်ကို ဟိုနေ့ထဲကပြောနေတာ အပြင်တွေအရမ်းထွက်နေတယ်နော် ညညဆိုလဲ ထထသွားတာ မသိဘူးထင်နေလား"