အပိုင်း_၁

2.1K 221 73
                                    

( UNICODE Version )

( အပိုင်း_၁ )

* ပတ်ခ်ဂျီမင်း။မင်းလက်ထပ်ဖို့လုပ်တော့ *

အာပါးရဲ့စကားကြောင့် ဂျီမင်းမှာ ပြူးဝိုင်းသွားသော မျက်လုံးပြူးပြူးလေးနဲ့​မော့ကြည့််လာခဲ့တယ်။ဦးနှောက်ထဲမှာquestion mark တွေတန်းစီနေတော့မယ့်အဖြစ်အား မျက်နှာလေးကိုကြည့်ရုံနှင့် သိနိုင်သည်။ဂျီမင်းသည်ကြောင်အမ်းနေလျက်ရှိပြီး နှုတ်ခမ်းလေးပင် ပွင့်ဟနေရှာသေးတယ်။

* ဘာတွေဟုတ်တာလုပ်ထားလို့ မျက်လုံးလှန်ကြည့်နေတာလဲ။ *

မျက္မှောင်ကြုတ်ကြည့်ပြစ်လိုက်တော့မှ မျက်လွှာချသွားခဲ့ပြီး နှုတ်လှန်ထိုးပြန်သည်။
မွေးထားတာ တစ်ယောက်တည်းဖြစ်ပေလို့သာပါပဲ။ပတ်ခ်ဂျီမင်းက တကယ်ကိုလွယ်မနေတာပါ။

* အာပါးကရော ဘာတွေလုပ်နေတာလဲ။လူကို အသားလွတ်ကြီး လက်ထပ်ခိုင်းနေတာက
မဟုတ်သေးဘူးလေ အာပါးရယ်။ *

* မင်းကိုကြည့်မရလို့ လက်ထက်ခိုင်းနေတာပေါ့ *

ဂျီမင်း၏မျက်နှာလေးမှာ သိသိသာသာပင် မဲ့ကျသွားလေတယ်။ကြည့်မရတိုင်း လက်ထပ်ခိုင်းတာမျိုး ဘယ်မှာရှိလို့လဲ။အာပါးက လူကိုလာပြီး မတရားသဖြင့်လုပ်နေတာ။

* အာပါးကြည့်မရအောင် သားက ဘာလုပ်နေလို့လဲ။ *

* Alphaကောင်နဲ့ အပေါင်းအသင်းလုပ်နေပြီး
အရှုပ်အထုပ်တွေလုပ်နေတာကိုက ဟုတ်မနေတာလေ။မင်းကိုမြင်လိုက္ရတိုင်း တော်တော်လေးစိတ်တိုင်းမကျဖြစ်ရတယ်။သည်တော့ အဲ့Alphaကောင်နဲ့ မင်းလက်ထပ်ရမယ်။ *

* အာပါး!!။ *

မျက်လုံးပြူးကြီးနဲ့အော်ချလာတဲ့ဂျီမင်းကြောင့် အာပါးက အံကြိတ်ပြီးကြည့်လာခဲ့တယ်။
အသားတွေပါတဆတ်ဆတ်တုန်လာခဲ့သည့်ဂျီမင်းမှာ အတော်လေးမကျေမနပ်ဖြစ်သွားပုံရတယ်။ခြေထောက်တွေနဲ့ ဆိုဖာအောက်​ခြေကို ကန်ထည့်ပြစ်လိုက်သေးတယ်။

* ငါ့ကိုပြန်အော်နေတာ ဒီကောင်ကတော့ နာချင်လို့။ *

ဂျီမင်းသည် အတော်လေးကိုမခံမရပ်နိုင်ဖြစ်နေပုံနဲ့ သူ့ရင်ဘက်ကိုလက်နဲ့ပုတ်ပြလာကာ...

Honey(ဟန်နီ)Wo Geschichten leben. Entdecke jetzt