အပိုင်း_၉

1.1K 157 21
                                    

( UNICODE Version )

( အပိုင်း_၉ )

အချစ်က ဘယ်လိုမျိုးလဲလို့​မေးခဲ့လာရင် ကိုယ်ကတော့ "ဟန်နီ"လို့ပဲ ပြန်ဖြေမယ်။
လူတစ်ယောက်ကို ချစ်ပေးနိုင်ဖို့ကြိုးစားခြင်းသည် ကလေးတစ်ယောက်ကိုပြုစုရခြင်းနဲ့တူတယ်လို့ ကိုယ်ကပြောချင်တယ်ဟန်နီ။ကိုယ့်ရဲ့ချစ်ရသောလေးကို ကိုယ်အတတ်နိုင်ဆုံးထက်ပိုပြီး လုံခြုံစေချင်တယ်။

အချစ်တစ်ခုကိုရယူလိုခြင်းထက် မြတ်နိုးပေးမယ်၊တန်ဖိုးထားပေးမယ်လို့ပဲ ကိုယ်ကတော့
ယူဆထားပါတယ်။မိုးတွေ သည်းသည်းမည်းမည်းစွေလာတဲ့အခါ ကိုယ့်အသက်ကလေးကို
ထွေးပွေ့ထားပေးချင်တယ်။နေတွေပူတဲ့အခါ
ကိုယ့်အင်္ကျီချွတ်ပေးမယ်။အဲ့ဒါ ကိုယ်သိတဲ့အချစ်ပဲ။

              * * * * * * * * * * * * * *

* မိုးရွာတော့မယ်ထင်တယ်..။ *

လေပြင်းတစ်ချက် ခပ်ကြမ်းကြမ်းတိုက်လျှင်
ဂျီမင်းသည် အလွန်အမင်းချမ်းသွားပုံနှင့် သူ့ခန္ဓာလေးကိုကျုံ့လျှက် လက်ဖဝါးကိုအသာဖြန့်ကာ လေထု၏အရသာကိုခံစားနေပြန်၏။

* အင်း။ကိုယ်လည်းထင်တယ်။ *

​ေဝါ..!။

အချိန်အခါပေမဟုတ် ရွာချလာသည့်မိုးဟာ
အချစ်ရေယာဥ္ကြောတစ်ခုကို နှောက်ယှက်ချင်တာကြောင့်ဖြစ်ပေလိမ့်မည်။ဂျီမင်းသည်
မျက်နှာလေးကိုရှုံ့ပြစ်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ရင်း သူ့မျက်နှာထံလွင့်စင်လာတဲ့
မိုးစက်တွေကို သပ်ခါလျက် မိုးလုံရာဆီပြေးတော့သည်။

* အစ်ကို..။မြန်မြန်လာလေ။ *

ဂျောင်ကုမှာ အကြောင်းပြချက်မရှိပြုံးမိသွားပြီး ဂျီမင်းဘေးမှာနေရာယူရင်း မြင်နေရတဲ့မျက်နှာလေးကို ငေးနေပြန်သည်။ပြီးတဲ့အခါ
သူ့လက်ဖဝါးကြီးနဲ့ ခေါင်းလုံးလုံးလေးကိုအုပ်ကိုင်ထားပေးသည်။

အစ်ကို့အပြုအမူကြောင့် ဂျီမင်းတစ်ဖန်ရင်ခုန်သွားရပြီး အစ်ကို့မျက်နှာကိုမော့ကြည့်ဖြစ်ပါတယ်။အဲ့ဒါအပြင် ဂျီမင်းနှာဖျားမှာတိုးဝှေ့နေလေတဲ့မိုးရနံ့က မိုးရွာနေတာကြောင့်လား၊အစ်ကို့ရဲ့ရနံ့လား မခွဲတတ်တော့ပါဘူး။သို့သော်
တော်တော်လေးတော့မွှေးသည်။

Honey(completed)Wo Geschichten leben. Entdecke jetzt