( UNICODE Version )
( အပိုင်း_၄ )
* အစ်ကို။ *
အသံတိုးတိုးလေးတိုပေမယ့် ပြန်အိပ်နေပြီဖြစ်တဲ့Alphaကြီးမှာမျက်လုံးဖွင့်လာခဲ့တယ်။
နားစွင့်ထားပေမယ့် ဘာသံမှထပ်မကြားရတဲ့အခါ မတင်မကျရုပ်ကြီးနဲ့ငြိမ်နေလေတယ်။* အစ်ကို..တံခါးဖွင့်ပါဦး။ *
ထပ်ကြားလိုက်ရတဲ့အသံဟာ ပတ်ခ်ဂျီမင်းမှပတ်ခ်ဂျီမင်းအသံအစစ်။အသံက အားမရှိသလိုတိုးဖျော့နေပြီး ရှိုက်သံလေးတွေပါ ပါနေတာမို့၊ငိုနေတာလား?ဘာများဖြစ်လာပြန်
ပြီလဲနဲ့Alphaကြီးမှာ ငယ်ထိပ်ထိသွေးဆောင့်တက်လာသလိုခံစားသွားရရှာတယ်။ညဥ့္နက်နေပြီကို ဘာကိစ္စနဲ့သူ့အခန်းကိုထပ်ရောက်လာရပြန်တာလဲ။ဆံပင်ညှပ်လိုက်တဲ့ကိစ္စကို နောက်တစ်ခေါက်ပြဿနာရှာဖို့လာသလားတွေးမိသွားတော့Alphaကြီးမှာတစ်ကိုယ်လုံးကြိမ်းသွားရတယ်။ဒီAlphaလေးက
ငမွှေထိုးလေးမှန်း သူလက်ခံရမလိုဖြစ်နေပြီ။* အစ်ကိုရေ..၊တံခါးဖွင့်ပေးပါ။ *
သည်တစ်ခါတော့ တံခါးကိုပါပုတ်လာပြီမို့ Alphaကြီးမှာမနေသာပဲ ထရတော့၏။တံခါးဖွင့်ပေးလိုက်ပေမယ့် အိမ်နံရံမှာခေါင်းစိုက်နေတဲ့ကောင်လေးက ခေါင်းမော့မလာခဲ့ပေ။ပုခုံးလေးကိုပုတ်လိုက်တော့မှ ခေါင်းထောင်ကြည့်ဖော်ရပြီးAlphaကြီး၏လက်ကို လှမ်းဆွဲလာခဲ့တယ်။
* မင်းဘာလဲကွ။ *
မပြောမဆိုနဲ့ သူ့လက်ကိုအတင်းဆွဲထားတာမို့Alphaကြီးမှာလန့်ရရှာတယ်။အထိအတွေ့မှတစ်ဆင့်ခံစားနေရတဲ့အေးစက်္မှုကြောင့်မျက်ခုံးကျုံ့မိသွားပြီး ဂျီမင်းမျက်နှာကို ဆွဲမော့ယူပြီး သေချာကြည့်လာတယ်။
* ဘာဖြစ်လာတာလဲ။ *
ဂျီမင်းတစ်ကိုယ်လုံးချွေးစေးတွေကြောင့်အေးစက်စက်ဖြစ်နေကာ မျက်နှာလေးသည်လည်း ရီဝေဝေဖြစ်နေသဖြင့် Alphaကြီး၏ စိုးရိမ်စိတ်မှာနှစ်ဆတိုးသွားရတယ်။
* ဒီကောင်..။ဘာဖြစ်လာတာလဲလို့။ *
Alphaကြီးမေးတော့ မျက်နှာငယ်လေးနဲ့မော့ကြည့်လာခဲ့ပြီး သူတင်းတင်းဆုပ်ကိုင်ထားသည့် Alphaကြီး၏လက္မောင်းကို လွှတ်လိုက်၊ကိုင်လိုက်လုပ်လာပြန်ပြီး စိုးထိတ်နေဟန်ရုပ်လေးနဲ့မျက်လုံးလေးတွေမှိတ်၊မျက်နှာလေးရှံ့မဲ့ပြီးပြောလာတာသည်..