( UNICODE Version )
( အပိုင်း_၁၁ )
Alphaတွေနဲ့ Omegaတွေရဲ့ဆက်နွယ်မှုက ရှုပ်ထွေးလွန်းတယ်။အဲ့ဒါအပြင်,တစ်ချို့ပတ်သတ်မှုတွေက ညစ်ညမ်းလွန်းသေးတယ်။ဒါကို လူတစ်ချို့ကလည်း အမှန်ပါလို့ လက်ခံထားကြသေးတယ်။ဘာကြောင့်လက်ခံနေကြသလဲဆို,Alphaနဲ့Omegaဆိုတာက ဆန့်ကျင်ဆွဲအားကို မတွန်းလှန်နိုင်ကြဘူးလေ။
အဲ့ဒါထက်ကို,အစ်ကိုဟိုဆော့ရွေးချယ်လိုက်တဲ့Alphaက တစ်ခြားတစ်ယောက်အပေါ် ခံစားချက်ရှိနေတဲ့Alphaလို့ပဲ,သူက ထင်မှတ်နေဆဲဖြစ်မယ်။သူ,လုံးဝအယုံအကြည်မရှိတဲ့ Alphaကိုမှ သူအစ်ကိုက ရွေးချယ်ခဲ့တော့ သူပိုပြီးဒေါသဖြစ်သွားခဲ့တာထင်တယ်။
ဂျီမင်းဦးနှောက်နဲ့ လက်လှမ်းမှီသလောက် တွေးဖြစ်ပြီး နောက်ဆုံးထွက်လာသည့်အဖြေက ဒါပါပဲ။ထယ်ယောင်းနဲ့ပတ်သတ်ပြီး သူ့ကိုစိတ်ဆိုးစေတာ,ထိုအချက်တွေကြောင့်ပဲ ဖြစ်လိမ့်မည်။
... HONEY ...
* မလုပ်နဲ့အစ်ကို! *
ထယ်ယောင်းကို ထပ်ထိုးဖို့ သူ,လက်ရွယ်လိုက်လျှင် ဂျီမင်း,ထယ်ယောင်းရှေ့မှ ကာထားပေးမိသည်။ဒါကို သူက အထင်လွဲသွားပုံရသည်။ဂျီမင်းကို အကြည့်စူးစူးဖြင့်ကြည့်လာသည်က မျက်တောင်တစ်ချက်,မခတ်ပေ။
* ဂျီမင်း!။ *
* ဒီလိုဖြေရှင်းလို့မရဘူးလေအစ်ကို။ဒါကဖြေရှင်းနည်းမှ မဟုတ်တာ။ *
ဂျီမင်းသည် ထယ်ယောင်းရှေ့ပိတ်ကွယ်ရပ်ထားရင်းနဲ့မှ အစ်ကို့ရင်ဘက်ကိုဖွဖွတွန်းထားမိသည်။အစ်ကို့မျက်လုံးတွေသည် မယုံနိုင်ခြင်းများစွာနှင့်နီစွေးလျှက်ဖြစ်နေသည်မှာ ဒေါသစိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ဂျီမင်း၏နားထင်၌ ချွေးစက်တို့နှင့် စိုစွတ်လာခဲ့သည်။
* ဂျီမင်း,ဒါတွေအားလုံး မင်းအကြံတွေလား။ငါမေးနေတာကိုဖြေ(အသံကို တိုးချပြစ်ရင်း) ဒီပြဿနာမှာ မင်းရော ပါနေတာလား။ *
အစ်ကိုက ဂျီမင်းကိုကြည့်ပြီး အံကြိတ်သည်။သူ့ဆီမှာ ဒီလိုမျိုးအအော်မခံရဖူးတာမို့ ပခုံးတွေလှုပ်သွားရသည်အထိ လန့်မိသွားသည်။ဂျီမင်း,သူ့ကို ခပ်ကြောင်ကြောင်မျက်လုံးတွေနဲ့ပြန်ကြည့်မိတော့ သူက,ကျစ်ခနဲ စုတ်သပ်သည်။