Unicode
ကုမျန်သည် လော့ချယ်ဘိုးလင်းကစားသည်ကို တစ်ခါမှ မမြင်ဖူးချေ။ ဘာပဲဖြစ်ဖြစ် သူမ အဆင်ပြေသည်။ ထို့ကြောင့် သူတို့အဖွဲ့သည် ဘိုးလင်း alleyတစ်ခုကို ရှာခဲ့ကြသည်။
စားသောက်ဆိုင်ကဲ့သို့ပင်၊ ဘိုးလင်း alleyကိုလည်း ချန်းကျစ်က ကြိုတင်စာရင်းပေးထားသည်။
ချန်းကျစ် သန့်စင်ခန်းထဲဝင်သွားတော့ ကုမျန်က လော့ချယ်ကို မေးလိုက်၏။"ရှင် ဘိုးလင်းကစားတတ်တာလား"
လော့ချယ်က နှစ်စက္ကန့်လောက် တွေးဆပြီး "အင်း ဒါပေမယ့် ကိုယ် ဆော့တာသိပ်မတော်ဘူး"
သူသည် ဘိုးလင်းကို အကြိမ်အနည်းငယ်သာ ကစားခဲ့ဖူးပြီး သူ၏စွမ်းရည်မှာ ပျမ်းမျှသာဖြစ်သည်။
ကုမျန်က ခေါင်းညိတ်လိုက်သည်။ "ချန်းကျစ်က သူအနိုင်ရမယ်ဆိုပြီး အရမ်းသေချာနေပုံရတယ်"
ညစာစားချိန်၌ လေထုသည် အနည်းငယ်၀ိရောဓိဖြစ်နေသည်။ ကုမျန်သည် ဒါကို သဘာဝကျကျပင် သတိထားမိခဲ့၏။ ချန်းကျစ်သည် သူမနှင့်လော့ချယ်ကို ဖိတ်ကြားခဲ့သောကြောင့် သူသည် အမျိုးသမီးအဖော်တစ်ယောက်ကိုလည်း ခေါ်လာခဲ့လိမ့်မည်ဟု သူမ ထင်မိခဲ့သည်။
သို့သော်လည်း ချန်းကျစ်က တစ်ယောက်တည်းရောက်လာသည်ပင်။
ဘိုးလင်းဆော့မည်ဆိုသည်က ပုံမှန်မဟုတ်နေပေ။
လော့ချယ်အား ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖို့ ကြိုးစားနေသလိုပင်။
လော့ချယ်က အရေးမပါသလို ပြုံးလိုက်ပြီး "တကယ်လား? ဒါပေမယ့် အဆုံးသတ်က ဘယ်လိုဖြစ်မယ်ဆိုတာ ပြောဖို့ခက်တယ်"
နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောနေစဉ်မှာပင် ချန်းကျစ်ပြန်ရောက်လာသည်။ "မင်းတို့ကို အကြာကြီးစောင့်နေစေမိလို့ စိတ်မကောင်းပါဘူး"
လော့ချယ်က ပြုံးလိုက်ပြီး "အဆင်ပြေပါတယ် စလိုက်ရအောင်လေ ကျွန်တော့်ကောင်မလေးကို ခဏနေရင် ပြန်ပို့ပေးရမယ် ပြန်ရောက်တာနောက်ကျရင် သူ့အိပ်ချိန်ထိခိုက်လိမ့်မယ်"
လော့ကျစ်ယွီသာ ဤနေရာမှာရှိနေလျှင် လော့ချယ်ရဲ့အကြံအစည်ကို ထုတ်ပြောမိလိမ့်မည်က သေချာသလောက်ပင်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)