#
#
#
#
"ဒါမင်းနေရမဲ့ အခန်း..."
" အဆင်ပြေတယ်..."
"အဆင်ပြေရင်နေခဲ့တော့..ငါသွားပီ..."
"နေပါအုံး ခင်များကဘယ်သွားမှာလဲ..ကျုပ်ဘာမှ မစားရသေးဘူးလေ.. မနက်ကတည်းကထွက်လာတာ..."
"၀ယ်စားပေါ့.."
" ဘယ်နားဆိုင်ရှိမှန်းမှမသိတာ..fc!kပဲ..."
"Sh!t... မင်း အ၀တ်အရင်သွားလဲလိုက်...ပီးရင်လိုက်ပို့မယ်....."
"Ok..."
"ဟ!..ဘာလုပ်တာလဲ..."
"ခများပဲ အကျီချွတ်ဆိုလို့လေ.."
"အထဲမှာသွားချွတ်ပါလားကွ..."
"ချွတ်သွားတာပေါ့ဗျာ...sh!tပဲ..."
အခန်းထဲမှာမချွတ်ဘဲ သူ့ရှေ့မှာတင် အကျီချွတ်သွားတဲ့ စောက်ခလေး...။
ဟိုသတစ ရဲ့သားမဟုတ်ဘူးဆိုရင် ဘယ်က ဂျလေဘီလဲ လို့တောင်ထင်နေသည်..။
တော်သေးသည်.. မျိုးမစစ်ပင်မဲ့ ဟိုသတစထိန်းသိမ်းထားလို့...။"အဲ့ သတစ ကိုဖင်ယားပီး နိုင်ငံခြားသူ သွားယူတာခံပေါ့..."
"ကဲပီးပီ... လစ်မယ်.."
"ဟ.. ဘယ်လိုတွေတောင်လား...ဘယ်လို၀တ်လာတာလဲ ..."
"ဒီမယ် အာဂျွတ်ရှီး ကျုပ်ဟာ ကျုပ်ဘယ်လို၀တ်"ပေါ့ ခများအပူပါလို့လား။"
"မင်း၀တ်ထားတာ က အောက်ထိမြင်နေရလို့ ပြောနေတာ ..."
" မြင်ရအောင်၀တ်ထားတာ ပဲလေ.."
"တော်" ဆက်ပြောရင် ငါပဲသွေးတက်သေရုံရှိတယ် ..လိုက်ခဲ့ ..."
အရှေ့က လုံး၀မစောင့်ဘဲ သွားနေတာ အခုထိလဲမရောက်နိုင်သေးဘူး...။
ရွာ မှာဆိုတဲ့ အတိုင်းလယ်ကွင်းတွေ ဘာတွေဘာတွေ ရှိပင်မဲ့ ပူတာကတော့ အတော်ပူသည်...။"ဟေ့လူ... ခများ... ကျုပ်ကိုစောင့်အုံးလေ.."
"ငါလမ်းလျှောက်နေတာ ပြေးနေတာမဟုတ်ဘူး..."
" ခင်များ..."
အမှန်တကယ်လဲ ဟုတ်ပါသည်... လမ်းလျှောက်နေတာ မှန်ပင်မဲ့ ခြေတံကရှည်တော့ မြန်သလို ဖြစ်နေတာ ပင်...။
ခနကြာတော့ market လို ဆိုင်မျိုးကို ရောက်ခဲ့သည်...။
မဆိုးပါဘူးရွာ မှာဆိုပင်မဲ့ ဒီလိုမျိုးရှိတာ...။။
