ဒယ်ဂူရောက်တာ နှစ်ရက်မြောက်နေ့ဖြစ်သည်...။
ဂျောင်ဂု စ"လာ ချင်းတုန်းက လာခေါ်တဲ့ကောင်လေးနဲ့ ဧည့်ခန်းထဲမှာ ရှိနေတာ ဖြစ်သည်...။"ဂျောင်ဂု.. ဒီနေ့ အပြင်သွားမလို့လိုက်မှာလား... ရွာထဲက စတော်ဘယ်ရီ ခြံ...."
ဂျီမင်ရဲ့ စတော်ဘယ်ရီ ခြံဆိုတဲ့ စကားအဆုံးဂျောင်ဂု မျက်လုံးတွေ ဘလင်းဘလင်းတွေဖြစ်ကုန်သည်...။ဂျောင်ဂု တကယ်ကို အရည် ရွမ်းတဲ့ အသီးတွေနဲ့ ချိုတဲ့ အသီးတွေ တကယ်ကြိုက်ပါသည်။
" လိုက်မှာပေါ့... အိမ်ထဲမှာဆိုပျင်းတယ်.. ဟို ဘိုးတော်နဲ့လဲ အကြောမတည့်ဘူး..."
"ဟမ်! အိမ်မှာ ဦးလေး ပဲရှိတယ်လေ..."
" ဟုတ်တယ်.. မင်းဦးလေးနဲ့ကို မတည့်တာ တကယ့်သောက်ဘိုးတော်...."
"ငါ့ဦးလေးက သဘောကောင်းပါတယ်ကွာ... "
" ကောင်းလားမကောင်းလားတော့မသိဘူး.. အိမ်လာတဲ့ ဧည့်သည်ကို ထမင်းမကျွေးဘဲနဲ့ ဘယ်ထွက်သွားတုန်းမြန်းမသိဘူး.... ငါ့မှာ မနက်စာပဲစားရသေးတယ်..."
"ဟုတ်ပါပီကွာ... အဲ့တာဆိုသွားမယ်လေ.. မင်းအ၀တ်လဲအုန်းမလား.."
" တော်ပီလေ ဒီတိုင်းပဲ လိုက်မယ်.."
"ဟမ်..အော် ..အေးအေး..."
ဂျီမင်တကယ်ကို အံ့ဩရပါသည် ဆိုးလ်မြို့သားတွေ ပွင့်လင်းတယ်ဆိုတာ ကြားဖူးပင်မဲ့ ဒီလောက်ထိတော့မထင်ပါ..။
အခုလဲ ရွာထဲသွားမဲ့ဂျောင်ဂုရဲ့ပုံစံက ဘောင်းဘီ ပေါင်တိုနဲ့..အကျီလက်ပြတ်နဲ့... တကယ့်ကို ခြင်အစာကျွေးတာ လားမှတ်ရလောက်သည်...။ဂျောင်ဂုနဲ့ ရွာလမ်းတစ်လျှောက် စကားတစ်ပြောပြောနှင့် လမ်းလျှောက်ခဲ့သည်မှာ သူတို့၏ ပန်းတိုင်ဖြစ်သော စတော်ဘယ်ရီ ခြံကြီးစီကိုတောင် ရောက်လာခဲ့သည်....။
"Wow..မိုက်လှချီလား.... စတော်ဘယ်ရီခြံကြီးက..."
ဂျီမင်လက်ထဲ ကိုချက်ချင်း ဖုန်းလာထိုးပေးတဲ့ဂျောင်ဂုကြောင့် နားမလည်သလိုကြည့်လိုက်တော့...။
" ပုံ...ဓာတ်ပုံရိုက်ပေး...igမှာတင်ရမယ်...."
" အာ....ok ok..."