၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်။
နှင်းဖွဲဖွဲပင် ကျနေသော ဒီဇင်ဘာလ၏ အေးချမ်းလှသော ရာသီဥတုအောက်တွင် လှုပ်ရှားသွားနေသော သူများဟာ အုပ်အုပ်သဲသဲ။ လမ်းမများ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ချိတ်ဆွဲထားသော ပိုစတာများနှင့် အဆောက်အဦးများ ပေါ်မှ LED board များပေါ်ရှိ မင်းသားတစ်ပါးတွင် ရှိသင့်သည့် အင်္ဂါရပ်များနှင့် ပြည့်စုံကာ မြင်သူတိုင်း စွဲမက်ချင်စရာ ကောင်းလှစွာသော ရုပ်ရည်၊ နန်းဆန်ဆန် ဝတ်စားဆင်ယင်မှုဖြင့် တင့်တယ်နေသော အိမ်ရှေ့စံမင်းသား၏ ပုံများဟာ ဤဆောင်းရာသီ၏ အလှကို ပိုပြီး တင့်တယ်အောင် ထောက်ပံ့ပေးနေသယောင်။
ထိုလမ်းမတို့ပေါ်တွင်တော့ ဤမျှ အေးမြနေသော ရာသီဥတုအောက်တွင် ထိုအအေးကို မမှုသည့်အလား ကိုယ်စီအပြုံးများကို ရင်ဝယ်ပိုက်ကာ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားသွားလာနေသူများလဲ ပြည့်နှက်နေလေရဲ့။ ဒီနေ့ဟာ သူတို့ တစ်နိုင်ငံလုံး နှစ်တိုင်း မျှော်နေခဲ့ရသည့် ရက်တစ်ရက်ပင် ဖြစ်သည်မလား။
တစ်ခြားတော့ မဟုတ်။ တစ်နိုင်ငံလုံး လေးစားရသည့် အရှင်ဘုရင်၏ သားတော် အငယ်ဆုံးလေး၊ တစ်နည်းအားဖြင့် နန်းအရိုက်အရာကို ဆက်ခံမည့် အိမ်ရှေ့စံ မင်းသား၏ မွေးနေ့ပင် ဖြစ်တာမို့။
သားအငယ်ဆုံး ဖြစ်သော်လည်း အကိုဖြစ်သူ Dominant Alpha များထက် ထူးကာ ပိုအဆင့်မြင့်သည့် Enigma အဖြစ် မွေးဖွားလာခဲ့ခြင်းမို့ ဖြစ်တည်မှု၏ အရှိန်အဝါအလိုက် အဆင့်အတန်း သတ်မှတ်တတ်သော သူတို့ နိုင်ငံအတွက် အိမ်ရှေ့စံ အဖြစ် အလိုလို အသတ်မှတ် ခံခဲ့ရသည်မှာလဲ မထူးဆန်း။ Enigma ဆိုသည်မှာလဲ တစ်သိန်းတွင် တစ်ယောက် မရှိနိုင်သော၊ ဆက်ခံသူ မျိုးဆက်များတွင်သာ ရှိနိုင်သော ဖြစ်တည်မှု ဖြစ်သည်မလား။
အစကတော့ အိမ်ရှေ့စံဟာ ဘုရင်ဖြစ်သူ၏ အငယ်အနှောင်းမှ မွေးဖွားလာသည် စသည်ဖြင့် သတင်းမှားများ ရှိခဲ့သော်လဲ ဘက်စုံ ထူးချွန်သော အိမ်ရှေ့စံမင်းသား၏ အရှိန်အဝါကြောင့် ထိုသတင်းတွေဟာ လေထဲတွင်ပင် ပျောက်ကွယ်ခဲ့ရသည်။
ယနေ့ခေတ်ထိတိုင် ဘုရင်စနစ်အား ကျင့်သုံးနေသေးသည့် သူတို့နိုင်ငံအတွက် ဘုရင် မင်းဆက်တွေ၏ အရေးပါမှုဟာ ထိုမျှ နေရာယူနေသည်မှာလဲ မထူးဆန်းလှသလို။ ဘုရင်ဟာ နိုင်ငံ အုပ်ချုပ်ရေးတွင်လဲ တစ်စိတ်တစ်ပိုင်း နေရာယူထားသည်မလား။ ဤဘုရင်စနစ်အား ဆန့်ကျင်သူ တစ်ချို့တော့ ရှိပေမယ့်လဲ လူနည်းစုသာ။