II

41 8 7
                                    

ဂျယ်ယွန်း လူသွားလူလာ သိပ်မရှိသော လမ်းသွယ်လေး တစ်ခုထဲသို့ ခြေလှမ်းတွေကို လှမ်းခဲ့မိသည်။ ပုံမှန်တော့ ယခုကဲ့သို့ လုပ်စရာမရှိသော ရက်တွေမှာ ဂျယ်ယွန်းဟာ ဂိမ်းဆော့ရင်း သို့မဟုတ် shopping mall တွင်သာ ဈေးဝယ်ရင်း ကုန်ဆုံးတတ်လေ့ရှိပေမယ့် ဒီနေ့တော့ ဂျယ်ယွန်း နာရီပြင်ဆိုင်တွင် အပ်ထားသည့် နာရီလေးအား ရွေးရမှာမို့ ဒီလမ်းဘက်ကို ထူးထူးဆန်းဆန်း ခြေဆန့်မိတာ။

ဆိုင်လေးကို ဖွင့်ကာ ဝင်ဝင်ချင်းပဲ ဦးလေးကြီး တစ်ယောက်ဟာ ဂျယ်ယွန်းကို မြင်တာနဲ့ မှတ်မိနေသလို နာရီလေးကို ထုတ်ပြတာမို့ ဂျယ်ယွန်း ယူကြည့်ကာ ပြုံးလိုက်််မိသည်။

"ကျွန်တော့်ကို မှတ်မိနေတာပဲ.."

"မှတ်မိတာပေါ့ လူလေးရယ်၊ လူလေးလို သန့်သန့်ပြန့်ပြန့်နဲ့ ဒီလောက် အကောင်းစား နာရီပတ်တဲ့သူက ဦးလေးဆိုင်လို ဆိုင်ကို လာပြင်တာ သိပ်မှ မရှိပဲ.."

ဟုတ်ပါရဲ့..၊ ဂျယ်ယွန်း ကိုယ်တိုင်လဲ ဘာလို့ ဒီဆိုင်ထိ လာပြင်ခဲ့မိသည်မသိ။ online ပေါ်၌ တွေ့ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန် စိတ်နဲ့ဆို ဒီဆိုင်ကို လာခဲ့ဖို့ မဖြစ်နိုင်တာ။ ပြီးတော့ ဆောင်းဟွန်းပေးထားတဲ့ နာရီကိုမှလေ။

နာရီဘူးလေးထဲမှ နာရီကို ဂျယ်ယွန်း ယူပတ်ကြည့်ကာ ပြုံးလိုက်မိသည်။ ဂျယ်ယွန်း ဒီနာရီလေး ပျက်သွားတုန်းက ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရလဲ။ မနှစ်က ဂျယ်ယွန်း မွေးနေ့မှာ ဆောင်းဟွန်း လက်ဆောင်ပေးခဲ့သည့် အမှတ်တရ ပစ္စည်းလေး ဖြစ်သည်မလား။ ဆောင်းဟွန်းကို ပြောလိုက်လျှင်တော့ ဆောင်ဟွန်းက သေချာပေါက် ဘာမှ မဖြစ်သလို ပြန်ဝယ်ပေးမှာ သေချာပေမယ့် ဂျယ်ယွန်းက အမှတ်တရတွေကို ပိုမြတ်နိုးတတ်သည့်သူလေ။ နာရီအသစ်လေးမှာ မွေးနေ့တုန်းက အမှတ်တရတွေ ပါလာတော့မည်မှ မဟုတ်ပဲ။

"ကျေးဇူးတင်ပါတယ် ဦးလေး၊ ဒါလေးက ကျွန်တော့်အတွက် အဖိုးတန်တဲ့ ပစ္စည်းလေးမို့"

"မလိုပါဘူး၊ ဒါဦးအလုပ်ပဲကို..၊ ဒါနဲ့.. စိတ်တော့ မရှိပါနဲ့၊ လူလေး ဒီဆိုင်ကို လာဖူးသေးလား"

"ဗျာ..၊ မလာဖူးပါဘူး၊ ဒါပထမဆုံးပါ၊ ဘာဖြစ်လို့လဲ ဦးလေး"

"ဪ၊ ဟုတ်ပါပြီ၊ ဘာမှ မဟုတ်ပါဘူး၊ လူလေးကို မြင်ဖူးနေတယ်လို့ ခံစားရလို့၊ ဦးလေး စိတ်ထင်တာ နေမှာပါ"

Thorned Rose Where stories live. Discover now