III

36 6 5
                                    

ဒီနေ့တော့ အကိုလေးက အပြင်ဘယ်မှ မသွားပါဘူးဟု ကတိပေးကာ သူ့ကို နားခွင့်ပေးတာမို့ နီခီလဲ ကော်ဖီဆိုင်လေး တစ်ခုသို့သာ ထွက်လာလိုက်သည်။ သူအကိုလေး ဂျယ်ယွန်းအား စောင့်ရှောက်ရကတည်းက ခါတိုင်းလို အလုပ်ရှုပ်ရသည်တော့ မရှိပေမယ့် သူ့တွင် ကိုယ်ပိုင်နားချိန်ဆိုသည်လဲ မရှိ။

ဒီနေ့ နားရက်ယူသည်ကိုတောင် အိမ်ရှေ့စံသာ သိရင် ဆူနေမလား စိတ်ပူရသေးသည်။

မျက်စိရှေ့ရောက်လာသော ကော်ဖီခွက်အား ဇိမ်ပြေနပြေသာ အရသာ ခံကာ သူသောက်နေလိုက်သည်။ တကယ်တော့လဲ နီခီ့ ဘဝတွင် အလုပ်ကလွဲ လုပ်စရာ များများစားစားလဲ ရှိမနေဘူးမလား။ သူ့ဘဝဆိုသည်မှာလဲ အိမ်ရှေ့စံပေးခဲ့သော ဘဝသာ ရှိခဲ့သည်။

ကော်ဖီတစ်ခွက်ကို သူဇိမ်ခံသောက်နေလိုက်တာ မည်မျှပင် ကြာသွားသည်မသိ။ ဆိုင်အတွင်း၌ လူရှုပ်လာမှသာ ဆိုင်ရှင်ကို အားနာသလို ဆိုင်အတွင်းမှ ထထွက်လာခဲ့လိုက်သည်။ 

ကော်ဖီဆိုင်လေး တည်ရှိရာ လမ်းကြားလေးဟာ အထပ်မြင့် တိုက်များ၏ ကြားတွင် ရှိကာ အမြဲမပြတ် လူစည်ကားသော နေရာ တစ်ခု။

ထိုလူအများကို ဖြတ်ကျော်ကာ လျှောက်လှမ်းလာရင်း တစ်နေရာအရောက် သူတို့ အပေါ်သို့ ပျံ့လွင့်လာသည့် စာရွက်တွေ..။ ထိုစာရွက်များထဲမှ တစ်ရွက်အား နီခီ ကောက်ယူကာ ဖတ်ကြည့်လိုက်မိတော့ မျက်ခုံးတွေပင် မြင့်တက်သွားရသည်။ ထို့နောက် ချက်ချင်း အပေါ်သို့ မော့ကြည့်ကာ ထိုစာရွက်များအား ဖြန့်ကြဲသူ တရားခံအား ရှာကြည့်မိတော့ လူအရိပ်အယောင် မမြင်ရသည့် တိုက်ခန်းတွေမှလွဲ သံသရ ဖြစ်စရာ တစ်စုံတယောက်မျှ မရှိနေ။

လှုပ်ရှားသွားလာနေတဲ့ လူအုပ်ဟာလဲ ထိုစာရွက်တွေကိုသာ စိတ်ဝင်တစား လိုက်ကြည့်ရင်း ရပ်တန့်သွားကာ စကားသံတွေ တစ်ယောက်တစ်ပေါက် ထွက်လာလို့ နေသည်။

'သူတို့ ပြန်လာပြီလား..'

'ဟယ် မျှော်နေလိုက်ရတာ.. တကယ် ပြန်လာပြီ ထင်တယ်'

'ဒီကြားထဲ ဘာတွေ လုပ်လို့ ပျောက်နေတာပါလိမ့်'

'ဒီသူတောင်းစားတွေက မသေနိုင်သေးဘူးလား'

Você leu todos os capítulos publicados.

⏰ Última atualização: Sep 15, 2024 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Thorned Rose Onde histórias criam vida. Descubra agora