( UNICODE Version )
( အပိုင်း_၂ )
Alphaဂျောင်ကုက သစ်သားခြံဝန်းတံခါးကိုတွန်းဖွင့်ပြီး ဂျီမင်းကိုအရင်ဝင်စေသည်။ပြီးမှ သူကဂျီမင်းအိတ်တွေသယ်ပြီး ဂျီမင်းနောက်က ကပ်ပါလာသည်။Alphaဂျောင်ကုရဲ့အိမ်ကရိုးရာအိမ်ပုံစံဖြစ်ပြီး အိပ်ဆောင်ခန်းတွေအများကြီးနဲ့ အိမ်ကအတော်လေးကျယ်ဝန်းတယ်။
ခေါင်းတလည်လည်နှင့် လှည့်ပတ်ငေးနေတဲ့ဂျီမင်းကိုAlphaဂျောင်ကုကချန်ထားရစ်ခဲ့ပြီး
လက်ဝဲဘက်အစွန်မှာရှိသည့် အိပ်ဆောင်တစ်ခုပေါ်တက်သွားခဲ့လေတယ်။ပြီးပြန်တော့ ဂျီမင်းကိုလှည့်ကြည့်နေတဲ့မျက်နှာကြီးမှာတည်တင်းနေတာပဲ။* ကိုယ့်အိမ်မှာတော့ မင်းလိုက်နာပေးရမယ့်ကိုယ့်စည်းကမ်းလေးတွေရှိတယ်။ *
* ဒါပေါ့။အဲ့လောက်တော့ ကျွန်တော်သိတတ်ပါတယ်။ *
ဂျီမင်းစိတ်လေသွားရသော်လည်း အလျင်အမြန်ခေါင်းညိတ်ပြလိုက်ရတယ်။အလကားနေဘဝင်မြင့်ဖို့ပဲသိတဲ့ Alphaတွေအကြောင်းကို ဂျီမင်းသိပြီးသားပါ။
အဲ့သည်နောက်။ခပ်ဆင်ဆင်တူနေကြသည့် အိပ်ဆောင်တွေကိုလှမ်းကြည့်ရင်း Alpha ဂျောင်ကုကိုလက်တို့လိုက်တော့ ထိုလူက ထုံပေပေရုပ်နဲ့ပြန်ကြည့်လာလေတယ်။
* ခင်ဗျားအခန်းက ဘယ်မှာလဲ။ *
* ဟိုးဖက် ထောင့်စွန်းအခန်းကငါ့အခန်းပဲ *
ထိုလူလက်ညိုးထိုးပြရာအခန်းကိုကြည့်ပြီး
ဂျီမင်းခေါင်းညိတ်လိုက်တယ်။ဒါပေမယ့် ထိုလူရဲ့နောက်ဆက်တွဲစကားကြောင့် ဂျီမင်းမှာတံထွေးနင်သွားရတယ်လေ။* လာမလည်နဲ့ရတယ်။ *
* ဘယ်သူက လာမယ်ပြောနေလို့လဲ။ *
* ကြိုပြောထားတာ ကိုယ့်အခန်းမှာပဲကိုယ်နေ။ရှုပ်ရှုပ်ယှက်ယှက်လုပ်တာတွေမကြိုက်ဘူး။အဲ့ဒါ ငါ့အိမ်ကစည်းကမ်းပဲ မင်းလိုက်နာပါ။ *
ဂျီမင်း ရယ်တောင်မရယ်နိုင်တော့ဘူး။
နှုတ်ခမ်းလွှာတွေကို တင်းတင်းစေ့ထားမိပြီး
အကြောကြီးလွန်းတဲ့Alphaကိုသာ မျက်လုံးတွေမှေးစင်းပြီးကြည့်ပြစ်လိုက်တယ်။ဒီAlphaက တော်တော်လေးကို ဂွကျတဲ့လူ။
Alphaတိုင်းကဘဝင်မြင့်ကြပါတယ်။ဒါပေမယ့် ဒီAlphaကပိုပြီးဆိုးတယ်။တအားဆိုးတာ။