Chapter 9

1.1K 148 2
                                    



Part 9 — အစားမတော်တစ်လုတ်။ • May 22 at 10:51 PM

ခန်းရှို့ခြံဝန်းတွင် မီးဖိုဆောင်အသေးလေးတစ်ခု ရှိသည်။ သခင်ကြီးယဲ့သည် ပုံမှန်အားဖြင့် ပေါ့ပါးသောအစားအသောက်များကိုသာ စားတတ်သည်။ ကလေးနှစ်ယောက် ထမင်းလာစားသည့်အခါမှသာ ဆီပြန်အသားဟင်းအနည်းငယ် ထည့်စားသည်။ ယဲ့ချုံကျင် မီးဖိုဆောင်သို့ ဝင်လာသောအခါတွင် ဟင်းအိုးထဲမှနေ ကြက်သွန်ဖြူအနှစ်နဲ့ချက်ထားသည့် ဝက်နံရိုးဟင်းကထွက်လာသည်နှင့် အနံ့က ခြံဝန်းအပြင်ထိပင် ပျံ့လာလေသည်။

ယဲ့ချုံကျင် ဟင်းပန်းကန်ကို တန်းနေအောင်ကြည့်လိုက်သည်။ သူ ဘာမှမပြောသော်လည်း မီးဖိုဆောင်အကူများမှာ သူ့မျက်လုံးလေးများထဲမှ စိတ်ဆန္ဒများကို မြင်လိုက်ကြရသည်။

စားဖိုမှူးက နဖူးပေါ်မှချွေးများကိုသုတ်လိုက်ကာ ပြောလာသည်။

"သခင်လေး အရင်မြည်းကြည့်ကြည့်ပါလား"

သူ့စကားဆုံးသည်နှင့် ကြွေရုပ်လေးနှင့်တူသောကလေးလေးရဲ့ မျက်လုံးများ ရုတ်တရက် လင်းလက်သွားသည်မှာ သူတို့မျက်လုံးများပင်ကန်းသွားလုနီးပါးပင်။

သို့နှင့် စားဖိုမှူးသည် ယဲ့ချုံကျင် ထည့်စားနေကျ ငွေပန်းကန်လုံးသေးသေးလေးကို ထုတ်ကာ ပန်းကန်လုံးတစ်ဝက်စာ ထမင်းဖြူများ ထည့်လိုက်ပြီးနောက် တဖန် သစ်ခွကြွေသုတ်ပန်းကန်တစ်ချပ်ကို ထုတ်ကာ ဝက်နံရိုးဟင်းကို ထည့်ပေးလိုက်သည်။ ယဲ့ချုံကျင်က ခုံသေးသေးလေးပေါ်တွင် ထိုင်ပြီး စတင်စားသောက်လေသည်။

သူသည် အခြားကလေးများထက် ပို၍ငြိမ်ကာ စားသောက်ရာတွင်လည်း အလွန်အလေးထား၍ စားတက်သည်။ သူ့နှုတ်ခမ်းများတွင် ဆီကွက်များစွန်းပေနေသည်ကိုပင် သတိမမူမိဘဲ ခေါင်းသေးသေးကိုငုံ့၍သာ စားနေလေသည်။ သူ့မျက်နှာလှလှလေးနှင့်ပါ ထပ်ပေါင်းသော် သူ့ပုံစံမှာ စကားလုံးဖြင့်ဖော်ပြမရနိုင်စွာပင် လိမ်လိမ်မာမာနှင့် ချစ်စရာကောင်းနေ‌သည်။ မီးဖိုဆောင်ထဲရှိ ဦးလေးကြီးများနဲ့ အ‌ဒေါ်ကြီးများရဲ့နှလုံးသားများ အရည်ပျော်သွားကြရပြီး ဒီကလေးလေးကို အိမ်သို့သာခေါ်သွားချင်ကြတော့သည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now