Chapter 24

751 128 2
                                    



Part 24 — ဆေး။ • May 29 at 11:26 PM

ယဲ့ချုံဟွေးရဲ့ အကြံသေးသေးလေးသည် အမှန်တော့ အလွန်ရိုးရှင်းပါသည်။ ကလေးများက သရဲပုံပြင်များကို ကြောက်တတ်ကြသည်။ အကယ်လို့ အားကျင် ကြောက်သွားသောအခါ သူ့ရင်ခွင်ထဲ တိုးဝင်လာပြီး မျက်ရည်လေးများဝဲလျက် ကိုကို ဟု နှစ်ခွန်းမျှခေါ်လာပါလျှင် ယဲ့ချုံဟွေး သူ့အဖေထံမှ အပြစ်ပေးခံရပြီး ဘိုးဘေးခန်းမထဲ နှစ်ရက်လောက် ဒူးထောက်ရလျှင်တောင် တန်ပါသည်။

သူ အမျိုးစုံသောစာအုပ်များရောင်းသည့် အဘိုးကြီးလီထံမှ ထူးဆန်းထွေလာသရဲစာအုပ်များ စုဆောင်းခဲ့သည်။ အဘိုးကြီးလီရဲ့စကားအရ ဤပုံပြင်က ကြောက်စရာအကောင်းဆုံးဖြစ်ကာ ကလေးများလည်း နားလည်နိုင်သည်ဟုဆိုသည်။ ယဲ့ချုံဟွေးသည် အစစအရာရာ သေချာချင်သဖြင့် အရင်ဆုံး ထိုက်အန်းကျောင်းတော်မှ အတန်းဖော်တချို့အပေါ် စမ်းသပ်ကြည့်ခဲ့သည်။ ထိုဆယ်ကျော်သက်များမှာ အတော်လေးကြောက်လန့်သွားကြပေသည်။ သူ့ရဲ့အားကျင်မှာ သုံးနှစ်သာရှိသေးသည်ဖြစ်၍ မည်မျှပင်ဉာဏ်ကောင်းနေပါစေ မကြောက်ဘဲနေစရာအကြောင်းမရှိပေ။

သို့သော် နောက်ဆုံးအဆင့်တွင်မှ တစ်စုံတစ်ရာ မှားယွင်းသွားမည်ဟု သူမထင်ထားခဲ့။ ပုံပြင်က တစ်ဝက်မရောက်ခင်တွင် သူ့ဘေးရှိကလေးလေးမှာ အသက်ရှူသံများ မှန်လာလေပြီ။ သူ ပို၍နီးနီးသို့ ကပ်ကာ နားထောင်ကြည့်သည်၊ ၎င်းက ကြောင်ပေါက်လေးတစ်ကောင် ဟောက်နေသံနှင့်တူသည်။ ယဲ့ချုံဟွေးမှာ ကြောင်အ,သွားရပြီး အကဲခတ်‌သည့်အနေဖြင့် ခေါ်ကြည့်လိုက်သည်။

"အားကျင် အိပ်ပျော်နေပြီလား?"

တစ်ခဏလောက်စောင့်ပြီး ဖြေသံပြန်မကြားရသောအခါ ယဲ့ချုံဟွေးမှာ စိတ်ရှုပ်စွာဖြင့် ကိုယ့်နဖူးကိုယ်အုပ်လိုက်မိတော့သည်။ ထင်ထားသည့်အတိုင်းပင် သူ့ညီလေးမှာ မည်သည့်အဆိပ်မျိုးမဆိုပြီးသောခန္ဓာကိုယ် ရှိထားသည်ပင်။ သို့သည့်တိုင် အဆုံးသတ်မှာတော့ သူ အားကျင်ရဲ့ကုတင်ပေါ်သို့ ဝင်တိုးကာ ညီလေးနှင့်တူတူအိပ်လိုက်နိုင်သဖြင့် တစ်ဝက်မျှအောင်မြင်သည်ဟု သတ်မှတ်လို့ရပါသည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now