Chapter 13

931 146 6
                                    



Part 13 — မစွန့်လွှတ်ရက်ပါပေ။ • May 24 at 5:52 PM

ယဲ့ချုံကျင် စိတ်တည်ငြိမ်လာပြီးနောက် သူ အတွေးလွန်နေသည်ဟု ထင်လိုက်သည်။

ထိုအချိုပွဲများကို တော်ဝင်စားဖိုဆောင်တွင် မကြာခဏ လုပ်လေ့ရှိပြီး ကုချန်းသည်လည်း တခါတရံ တချို့တလေသုံးဆောင်သည်ဖြစ်ရာ သူ့မှူးမတ်များကို ပေးသည်မှာလည်း မဆန်းပေ။

ထို့အပြင် ကုချန်းမှာ အမှန်တကယ် အတိတ်ဘဝကမှတ်ဉာဏ်များ ရှိနေသည်ဆိုလျှင်‌တောင် မိမိက စုန့်လီမှန်း သူသိမည်မဟုတ်။ သို့ဖြစ်၍ အဘယ်ကြောင့် မိမိကိုယ်ကို အရင်ခြောက်လှန့်နေရပါမည်နည်း။ ယခု သည်လူက သူ့ကို အထူးတလည် ဆက်ဆံနေခြင်းမှာ သူ့တွင် ယဲ့မိသားစုသွေးပါပြီး အမတ်ချုပ်ယဲ့၏ အချစ်တော်သားလေးဖြစ်သောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ကုချန်း၏စရိုက်အရ ဘယ်လိုလုပ် သူ့ဘက်ကအရင် စိတ်လိုလက်ရဖြင့် ၃ နှစ်သားကလေးလေးကို ပွေ့ချီလိမ့်မည်နည်း။

ကုချန်းမှာ ညီတော်သုံးယောက်ရှိသည်။ အငယ်ဆုံး သတ္တမမင်းသားမှာ ယခု အသက် ၂ နှစ်သာ ရှိသေး၏။ စုန့်လီ အရင်ဘဝက ကုချန်းဘေးလိုက်၍ ခစားခဲ့သဖြင့် သူ ရှင်းရှင်းလင်းလင်း သိသည်၊ ကုချန်းက ထိုအိစိအိစိကလေးများကို သဘောမကျ၊ ဖက်ဖို့မဆိုထားနှင့် သူ တစ်ချက်တောင်မှ မထိချင်ပေ။

အမတ်ချုပ်ယဲ့မှာ သူ့သားငယ်လေး၏မျက်နှာ ဖြူဖျော့နေသည်ကို မြင်သောအခါ အံကျိတ်လိုက်မိသည်။ မိမိမှာ ဧကရာဇ်က်ုလိမ်လည်လှည့်ဖျားခြင်းအမှုအား ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ အိမ်ရှေ့စံကို လိမ်လိုက်ရင်ရော ဘာဖြစ်သလဲဟု စဉ်းစားနေလေသည်။

သူ ရှေ့သို့တက်လိုက်ပြီး ပြောသည်။

"အရှင့်သား၊ ကျွန်တော်တို့အိမ်ကအားကျင်က ငယ်ငယ်တည်းက ခန္ဓာကိုယ် အားနည်းပါတယ်၊ မွေးလာကတည်းက နေ့တိုင်း ဆေးသောက်နေခဲ့ရတာပါ၊ အချိန်ကိုကြည့်လိုက်တော့ ဒီနေ့ဆေးသောက်ချိန် ရောက်နေပါပြီ၊ အရှင့်သားကြည့်ပါဦးဒါက...."

ဤသည်မှာ ကုချန်းအား လူကိုလွှတ်ပေးစေလိုသည့်အဓိပ္ပာယ်ပင်။ အိမ်ရှေ့စံအရှင့်သား ဘယ်လောက်ပင် အာဏာကြီးစေကာမူ သူများအိမ်ကကလေး ဆေးသောက်သည်ကို ‌တားလို့ရမည်တဲ့လား။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now