အပိုင်း_၃

1.1K 185 52
                                    

( UNICODE Version )

( အပိုင်း_၃ )

အလကားတင်မကျွေးထားနိုင်ဘူးဆိုတဲ့စကားက ဂျီမင်း၏မာနကို ဓားနဲ့အမွှန်းခံလိုက်ရသလိုခံစားရတယ်။ထမင်းစားချင်ရင်အလုပ်တော့လုပ်မှာပေါ့ဆိုတဲ့စကားကြောင့်
ဂျီမင်း ထိုAlphaကြီးနဲ့အတူခြံထဲလိုက်သွားဖို့ဖြစ်လာခဲ့ရတယ်။ဂျီမင်းလို မာနကြီးပြီး၊သိက္ခာတရားနဲ့ပြည့်ဝတဲ့Alphaက သူများငြိုငြင်တာကိုလက်ခံမယ့်လူစားလား..။

ဂျီမင်းကို မထိတထိနှိပ်ကွပ်တဲ့စကားတွေ၊အထင်သေးသလိုကြည့်တတ်တဲ့ထိုလူရဲ့အကြည့်တွေကို ရင်ထဲမှာသိမ်းထားတယ်။အခွင့်ကြုံကြိုက်လာရင် ပြန်ဆော်ဖို့လည်း တေးထားတယ်။အခုတော့ဂျီမင်းက သူ့လက်ခုပ်ထဲကလိပ်ပြာလေးပဲသူအလိုရှိသလို ကစားနေလိုက်ဦးပေါ့။

ထို့ကြောင့် ဂျီမင်းရေချိုးပြီးတာနဲ့Alphaဂျောင်ကုရှိနေမည့် ထမင်းစားဆောင်ဆီလိုက်သွားလိုက်တယ်။ထမင်းစားဆောင်က အတော့်ကိုကျယ်ဝန်းပြီး လူတွေကလည်း အများကြီးရှိနေတာမို့ ဂျီမင်းရှေ့ဆက္မသွားမိတော့ဘဲ
အပေါက်ဝမှာသာ ခြေဆုံရပ်နေမိတယ်။ထမင်းစားဆောင်ကအဲ့လောက်ထိ ကြီးကျယ်နေလိမ့်မယ်လို့ မထင်ထားဘူးလေ။

* ဝါး။ *

မျက်လုံးလေးဝိုင်းပြီး နှုတ်ခမ်းလေးဟထားကာ တအံတဩလေးဖြစ်နေတဲ့Alphaလူသစ်လေးကိုအားလုံးကဝိုင်းကြည့်လာခဲ့ကြတယ်။

* အဲ့ဒါ ဘယ်သူလဲ။ *

* အသစ်ရောက်လာတဲ့ Alphaထင်တယ်။ *

* အဲ့ဒါAlphaလား။မယုံနိုင်စရာပဲ။ *

* Alphaနဲ့မတူသလို Omegaနဲ့လည်းမတူဘူး။Betaများလား။ *

တစ်ယောက်တစ်ပေါက်ထင်ကြေးပေးခံနေကြတော့ဂျီမင်းမှာ မျက်နှာလေးပင်နီရဲနေရှာတယ်။Alphaအများစုရဲ့အကြည့်တွေထဲမှာ ဂျီမင်းပုံစံက ရယ်ချင်စရာဖြစ်နေမယ်ထင်တယ်။ပြုံးစိစိရုပ်တွေက ဂျီမင်းကိုလှောင်ချင်နေကြတာ အသိအသာကြီး။ဒါပေမယ့် ဂျီမင်းအဲ့တာတွေကို ဂရုမစိုက်ပါဘူး။ဟုတ်ပြီနော်။

Omegaတွေကတော့ မဆိုးပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်Omegaတွေကို နှစ်သက်တဲ့သူရဲ့စိတ်က ဘယ်တော့မှာပျောက်ဆုံးသွားမှာမဟုတ်ပါဘူး။အနာဂတ်Planမှာတော့ Omegaလေးတစ်ယောက်လောက်နဲ့ လက်ထပ်ပြီးဘဝကိုပျော်ပျော်ကြီးကုန်ဆုံးသွားမယ်လို့ စိတ်ကူးထားတယ်။

Honey(completed)Wo Geschichten leben. Entdecke jetzt