အပိုင်း -3-
.
.
.
.
.
.................
လူတိုင်းကို သွေးအေးစွာချိန်းခြောက်လိုက်သည့် ရှောင်းသခင်လေး။
ရှောင်းသခင်လေးသည် အရင်က တည်ငြိမ်သည့်သခင်လေးနှင့် ကွဲပြားလွန်းလှသည်။သားအမိနှစ်ယောက်ကတော့ သူတို့အကြံအစည်မပျက်ရေး ရှောင်းကျန့်ကို အပိုင်ရရန် ကြံစည်နေတော့သည်။
လူပုံအလယ်မှာကြေညာပြီးပြီမို့ ရိပေါ်လက်ကိုဆွဲကာ ထွက်လာခဲ့သည်။
ကိုယ်ရံတော်ရှင်းသည် နောက်ပါးဆီမှ ထပ်ချက်မကွာလိုက်လာခဲ့သည်။
သခင်ငယ်လေး ညစာကောင်းကောင်းမစားရသေးမှန်းသိသည့်ရှောင်းသခင်မသည် ဟင်းပွဲစုံလင်စွာခင်းကျင်းလျက် ရှောင်းသခင်လေး၏အဆောင်သို့ ရောက်ချလာသည်။
" သားတို့ ဘာမှမစားရသေးမှန်းသိလို့ မားမားက ယူလာတယ် .. အဆင်ပြေတယ်ထင်တာလေး ယူလာခဲ့တယ်ကွယ်..."
" မလိုအပ်ပါဘူး ရှောင်းသခင်မ "
" ဟို.. သားတို့ ဘာမှမစားဘူးဆိုရင်တောင် ဒီကြာစွယ်ဟင်းလေးတော့ စားလိုက်ပါနော် မားမားရဲ့စေတနာကို နားလည်ပေးပါ .. "
ထပ်ငြင်းရန်မသင့်သည်မို့ ထားခဲ့ရန်သာ အချက်ပြလိုက်သည်။
နှစ်ယောက်လုံးအနည်းငယ်မျှစားပြလိုက်မှ ထွက်သွားသည့် ရှောင်းသခင်မသည် ဘာတွေကြံစည်နေသလဲဟူ၍ ရှောင်းကျန့်မခန့်မှန်းတက်တော့ပေ..။
သိပ်မကြာပါ..။
ရိပေါ်သည် လေကောင်းလေသန့်ရှူရန် အပြင်ခနထွက်ခွင့်တောင်းသည်မို့ ရှောင်းကျန့်က အသာတကြည်ခွင့်ပြုလိုက်သည်။
လပြည့်ကျော်ရက်ကလေးမို့ လဝန်းကြီးသည် ဝိုင်းစက်နေဆဲ...။
လေအဝေ့က ဆံနွယ်မျှင်လေးတွေကျီစယ်သွားတယ်။
စစ်မှန်တဲ့နတ်ဘုရားတစ်ပါးရဲ့အလှပေကိုး။
ထိုအချင်းအရာအား တစ်စုံတစ်ယောက်သည် ငေးကြည့်လို့နေသည်။