End___________________________________
✨ 𝕄𝕐 𝙴𝚜𝚜𝚎𝚗𝚝𝚒𝚊𝚕 ✨
____________________________________
_
_
မုန်တိုင်းတွေပြီးရင် လေပြေတွေလာတက်တယ်။
မျက်မမြင်ဘဝကနေ အလင်းပြန်ရပြီမို့ ရှောင်းသခင်လေးက ရှောင်းသခင်ကြီးကိုတောင် အဖော်ပြုနိုင်ပြီဖြစ်သည်။
မျက်မမြင်ဘဝမှာတောင် မိန်းမပျိုတိုင်းစွဲလမ်းရသူဖြစ်တာကြောင့် ယခုလို အရာရာပြည့်စုံသွားသည့်အခါ ပြောစရာပင်မလိုအောင် အနားကပ်လာကြသည့်အမျိုးသမီးထုကြောင့် ရှောင်းအိမ်တော်သည် ဧည့်သည်တော်များနှင့် စည်ကားလို့နေတော့သည်။
ပင်တိုင်ဇနီးမယား တစ်ယောက်တည်းသာ ထားမည်ဟု ကြေညာထားသော်လည်း ဇွဲမလျော့ကြသေးသော အိမ်တော်များကြောင့် ရှောင်းသခင်ကြီးကတော့ ဘာမှမပြောပေ။
သားဖြစ်သူ၏ စိတ်ဆန္ဒအတိုင်းသာ....။
ရှောင်းကျန့်အနေနဲ့ အခြေနေအရပ်ရပ်ကို ထိန်းသိမ်းဖို့ လိုလာပြီမို့ စားသောက်ပွဲတစ်ခု ကျင်းပလိုက်သည်။
သေချာပေါက် သူ့အနေနဲ့ ဇနီးမယားထပ်ယူရန် အစီအစဉ်မရှိကြောင်းနှင့် ဝမ်ရိပေါ်ကလေးကိုသာ ပင်တိုင်ဇနီးနေရာထားမည်ဖြစ်ကြောင်း တရားဝင်ကြေညာရန်ဖြစ်သည်။
_
_
အိမ်တော်တိုင်းရှိအမျိုးသမီးတိုင်းလိုလိုအလှဆုံးပြင်ဆင်လာ၍ တက်ရောက်ကြ၏။
ပွဲတော်ကြီးသည် စည်စည်ကားကား၊ လှပသောမိန်းမပျိုလေးများအား များပြားစွာတွေ့နိုင်၏။
ဝင်လာမဆဲ တသဲသဲဧည့်သည်တော်များအားကြည့်ကာ ဝမ်သခင်လေး လက်သီးကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။
အစကတည်းက ကြိုတင်မှန်းဆထားပြီးသားဖြစ်၏။
မျက်မမြင်မဟုတ်တော့ဘူးဆိုတော့ တခြားမိန်းမပျိုတွေ ဝိုင်းလာလိမ့်မယ် ။
အဲ့ခါကျ သူက အလိုလို ဘေးရောက်တော့မှာ ကြိုသိပြီးသားလေ...။
ပြောရရင် ရှောင်းသခင်လေးအနေနဲ့ သဘောကျတဲ့မိန်းမပျိုကို ရွေးယူရုံပဲ...