Part-1

275 26 8
                                    

"y/nရေ ထတော့နော် ကျောင်းနောက်ကျလိမ့်မယ်"

"ဟွန့်အွန်း…ထဘူး"

"ထတော့ကွာ တီတီ့အသည်းလေးကလိမ္မာပါတယ်။ အောက်မှာ တီတီမနက်စာပြင်ပေးထားတယ်နော် လာ…ထ စားကြမယ်"

"ကျောင်းလည်း သွားဘူး"

"ကဲ…တီတီတောင်းပန်ပါတယ် တီတီ့ကလေးလေးကို နောက်ဆိုအချိန်မှီစောစောလာကြိုပါ့မယ်ရှင်"

~Flashback~

လွယ်အိတ်ကလေးလွယ်ပြီး ကျောင်းဂိတ်ရှေ့မှာ သူ့တီတီလာကြိုတာကိုစောင့်နေတဲ့ y/nလေး။

"ဟယ် y/nလေးကို တီတီဂျီယွန်းကလာမကြိုသေးဘူးလား"

"ဟုတ် တီတီမာအီ"

"အဲ့ဆို လာလာ…တီတီလိုက်ပို့ပေးမယ်နော် သူငယ်ချင်းတွေလည်းအကုန်ပြန်သွားကြပြီမလား"

"ဟုတ်…အီးဟီးး"

"အယ် တိတ်…တိတ်…မငိုနဲ့တော့နော် တီတီရေခဲမုန့်လိုက်ဝယ်ကျွေးမယ်"

ခေါင်းလေးငြိမ့်ကာပြောရင်း ငိုလာတဲ့ y/nကြောင့် မာအီလည်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ‌တော့ အနီးနားကရေခဲမုန့်ဆိုင်ကိုပဲ ခေါ်သွားပြီး y/nလေးကြိုက်တဲ့ ရေခဲမုန့်ဝယ်ကျွေးလိုက်ရသည်။

ယွန်းဂျီယွန်းတို့အလုပ်တွေရှုပ်နေတာနဲ့ပဲ ကလေးကိုကျောင်းလာကြိုဖို့မေ့နေပြီထင်တယ်။ နောက်မှ ငါနဲ့တွေ့မယ် ယွန်းဂျီယွန်း။

မာအီစိတ်ထဲကသာပြောလိုက်ပါသည်။ သူ့သူငယ်ချင်းဘယ်လောက်အလုပ်များလည်း သူအသိဆုံးဖြစ်သည်။ တစ်ခါတစ်လေ အလုပ်ထဲပဲစိတ်နစ်ထားတော့ ယွန်းဂျီယွန်းတို့ သူ့အချစ်ရေးအတွက်ကိုတောင် ဦးစားမပေးနိုင်ပါ။

မာအီသည် ဂျီယွန်း၏အခင်ရဆုံးသူငယ်ချင်းဖြစ်သလို အယုံကြည်ကဆုံးလည်းဖြစ်သည်။ ဂျီယွန်းသည် အထက်တန်းကျောင်းသူဘဝကတည်းက မာအီဆိုသည့် အခင်ဆုံးသူငယ်ချင်းတစ်ယောက်သာရှိသည်။

"တီတီမာအီ…y/nကို တီတီဂျီယွန်းရဲ့ကုမ္ပဏီကိုပဲ ပို့ပေးပါနော်"

"ဟုတ်ပါပြီရှင်"

အခုချိန်အိမ်ပြန်ပို့ပေးလည်း y/nလေးကအိမ်မှာတစ်ယောက်ထဲဖြစ်‌နေမှာကို မာအီသိပါသည်။ အဲ့ဒါကြောင့်ပဲ ဂျီယွန်းကုမ္ပဏီဆီကိုပဲ ကားမောင်းသွားလိုက်သည်။

BABYSITTER // Gomgomz OSWhere stories live. Discover now