Part-2

184 24 9
                                    

"မင်း ငါ့အိမ်မှာလာနေလို့အဆင်ပြေမလား"

"ရှင်..."

"ဘာရှင်ပြန်တာလဲ။ ပြေလား မပြေဘူးလားပဲပြော"

"ကျွန်မက အချိန်ပိုင်းပဲလုပ်ဖို့လာတာပါ။ အချိန်ပြည့်တော့ ကလေးမထိန်းနိုင်ပါဘူးရှင့်။ ကျွန်မလည်း ကျွန်မကိစ္စရှိပါသေးတယ်။"

"မင်းရဲ့ ကျောင်းစရိတ်အတွက် တာဝန်ယူ‌တယ် မင်းသာလာနေပေးရင်"

ဂျီမင်းတစ်ယောက် ‌စဉ်းစားဖို့အချိန်ယူရပါဦးမည်။

"တစ်ပတ်ကို ၅ရက်ပဲနေပေးရုံပါ။ ကျန်တဲ့ပိတ်ရက်တွေမှာ မင်းအိမ်ပြန်လို့ရတယ်။"

ဂျီမင်းကတော့ ဘာမှပြန်မပြောသေးဘဲ စဉ်းစားနေပုံရသည်။ အဲ့ဒါကြောင့် ဂျီယွန်းကပဲ‌ပြောစရာရှိတာကိုဆက်ပြောလိုက်သည်။

"မင်းသဘောတူရင် မနက်ဖြန်ကစပြီး အိမ်မှာလာနေလို့ရပြီ။ အခုတော့ ငါလည်းအားမနေဘူး။"

ဂျီယွန်းက သူပြောချင်တာပြောပြီး ခပ်မြန်မြန်ပဲထကာ ပြန်ဖို့လုပ်တော့သည်။ တကယ်လည်းသူမအလုပ်အရမ်းများသောကြောင့် အချိန်သိပ်မပေးနိုင်ပါ။

"နေပါဦး...ကျွန်မကိုခေါ်တုန်းက ခေါ်လာပြီးတော့"

ဂျီမင်းက ဂျီယွန်းရဲ့လက်ကလေးကို ရုတ်တရက်လှမ်းဆွဲကာပြောလိုက်သည်။ ဂျီယွန်းလည်း သူမလက်ကိုလှမ်းကိုင်လိုက်တဲ့ နူးညံ့တဲ့လက်တစ်စုံ‌ကြောင့် လှည့်ကြည့်လိုက်သည်။

"ပြောပြီးပြီလေ မအားဘူးလို့။ မင်း ကိုယ့်ဘာသာကိုယ် ပြန်လို့ရတာပဲမဟုတ်လား။ ပြီးတော့ မင်းကို ဘယ်သူက ငါ့လက်ကိုခွင့်ပြုချက်မရှိဘဲကိုင်ခွင့်ပေးလိုက်လို့ လက်ရဲဇက်ရဲရှိရတာလဲ။"

"ဒီမှာရှင့်...ကျွန်မက ရုတ်တရက်မို့လှမ်းကိုင်မိလိုက်တာပါ။ ရှင့်အတွက်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်တယ်။ ကျွန်မက တခြားသူအပေါ်အသားယူတတ်တဲ့လူမျိုးမဟုတ်ဘူး။"

ဂျီမင်းကလည်း မဟုတ်မခံလေးမို့ သူပြောချင်တာပြောပြီး ဂျီယွန်းထက်အရင်ဆိုင်ထဲကထွက်လာလိုက်သည်။

အရင်ထပြီးပြန်ဖို့လုပ်သည့် ဂျီယွန်းကတော့ အနောက်မှာကျန်ခဲ့လေသည်။ "ရုပ်ကလေးကြည့်တော့ ချစ်ဖို့ကောင်းတဲ့ပုံလေးနဲ့ စွာလိုက်တာမှ ဘယ်လိုဟာလေးလဲမသိ" ဂျီမင်းထွက်သွားပြီနောက် ဂျီယွန်းတစ်ယောက်ထဲ ကြားရုံပြောလိုက်သည်။

BABYSITTER // Gomgomz OSWhere stories live. Discover now