Part-3

109 16 2
                                    

ယွန်းဂျီယွန်းတို့ ထူးထူးဆန်းဆန်း ဒီနေ့y/nလေးကိုကျောင်းပို့ပြီးတာ ကုမ္ပဏီတန်းမသွားဘဲ သူမအိမ်သို့ပြန်လာလေသည်။ သေချာပေါက် တစ်စုံတစ်ယောက်ကိုမျှော်နေသည်လား။

"တီ တောင်"

ခြံရှေ့၌ ဘဲလ်တီးသံကြားသဖြင့် ဂျီယွန်းအပြေးလေး ပြတင်းပေါက်ကနေချောင်းကြည့်လိုက်သည်။

"ထင်သားပဲ...လာမယ်ဆိုတာ"

ထိုသူသည် ဂျီမင်းဖြစ်သည်။ ဂျီမင်း၏လက်တစ်ဖက်တွင် luggageလေးကိုင်ထားပြီး လွယ်အိတ်တစ်လုံးကိုလည်းလွယ်ထားသည်။ သူမကြည့်ရတာ သိပ်စိတ်ကြည်ပုံမပေါ်ပါ။ နေကပူတဲ့အပြင် သူမအိမ်နဲ့ဝေးတဲ့ဒီနေရာကိုလာရတာ သူမအတွက်ပင်ပန်းလှသည်။ ဘဲလ်တီးတာတောင် ခြံတံခါးလာမဖွင့်သောကြောင့် ဂျီမင်းပိုစိတ်ညစ်သွားသည်။ အိမ်မှာဘယ်သူမှမရှိလောက်ဘူးဟု ဂျီမင်း ယူဆလိုက်ပြီး လှည့်ပြန်ဖို့လုပ်သည့်အချိန်တွင် အနောက်မှထွက်ပေါ်လာသည့်အသံလေး...

"ဟိတ်..."

ဂျီမင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် သူမအနားကိုရောက်လာပြီး စကားဆက်ပြောလိုက်သည့် ဂျီယွန်း။

"မင်း ဒီကိုလာတာမလား...ဘာလို့ပြန်လှည့်ထွက်သွားတာလဲ"

လက်ပိုက်ကာ ဂျီမင်းကိုစိုက်ကြည့်ပြီးမေးနေတဲ့ ဂျီယွန်းက black style pantsနဲ့ကြိုးတစ်လုံးအနက်ရောင်croptop‌လေးကိုမှအပေါ်ကwhite shirtအပါးလေးထပ်ဝတ်ထားတာ တစ်မျိုးလေးဆွဲဆောင်မှုရှိနေသည်။

"ဘယ်သူမှ မရှိလောက်ဘူးထင်လို့ပေါ့...လူကိုနေပူထဲ ခြံရှေ့ကြီးမှာ အထုတ်အပိုးတွေရပ်စောင့်ခိုင်းတာ နည်းနည်းလေးအားနာမှုတောင်မရှိဘူးလားမသိ"

ဒါကိုဂျီမင်းသူတစ်ယောက်ထဲတိုးတိုးလေးပြောလိုက်ခြင်းသာဖြစ်သည်။ ဂျီယွန်းမကြားလောက်ဘူးအထင်နဲ့ လူရှေ့မှာပေါ်တင်အတင်းတုပ်တဲ့ ဘန်ဂျီမင်းရယ်ပါ။

"မင်း! ဒီမှာ...မင်းပြောလိုက်တာ ငါကြားတယ်နော်"

သူခိုးလူမိသွားသည့်ရုပ်ကလေးနှင့် ဂျီမင်းကတော့ စကားလမ်းကြောင်းလွဲဖို့ကြံလိုက်သည်။

BABYSITTER // Gomgomz OSWhere stories live. Discover now