အပိုင်း -4--
-
-
-
ရှောင်းသခင်လေးရဲ့အဆောင်မှာပဲ နေစေခဲ့တဲ့ရိပေါ်လေးက ခင်ပွန်းဖြစ်သူရဲ့အရှိန်အဝါကြောင့် နေ့ရက်တိုင်းက ပျင်းရိစဖွယ်။
သူ့အတွက်အလုပ်တစ်ခုသာရှိသည်၊ ရှောင်းသခင်လေး၏ ဝေယျာဝစ္စများအား လုပ်ပေးရခြင်း။
ရှောင်းသခင်လေး အရင်က ချိုးရေဆောင်ထဲ ဘယ်လိုဝင်လဲမသိပေမဲ့ ရိပေါ် လာပြီးနောက်ပိုင်း ချိုးရေဆောင်တွင်းသို့ လက်တွဲပို့ရပြီး အဝတ်လဲခြင်း၊ခေါင်းဆေးခြင်းအထိ ပြုလုပ်ပေးရသည်။
တစ်ခါခိုဝင်ဖူးသည့်ရင်ခွင်ထဲ ဝင်လုမတက်အနေအထားတို့နှင့် ခနခနကြုံရသည့်အခါတိုင်း ဝမ်ရိပေါ်၏မျက်နှာကလေးမှ ရဲတွတ်နေတက်သည်။
ထိုအခါမျိုးဆို ပိတ်ပါးနက် အောက်ကမျက်ဝန်းတစ်စုံသည် စူးစိုက်ကြည့်နေသယောင် ခံစားရတက်၏။
ဝတ်ရုံတော်လဲပေးသည့်အခါတိုင်း ရှည်လျားသည့် ရှောင်းသခင်လေးရဲ့အရပ်ကြောင့် ၁၈နှစ်အရွယ် ကလေးပေါက်စရိပေါ်လေးက ဘယ်လိုမှမမှီပါ။
ဒါကို မသိသည့်ရှောင်းသခင်လေးက ဘယ်သောအခါမှ ကိုယ့်မယို့ပေးတက်။
ခြေဖျားကလေးထောက်ကာ ဝတ်ရုံအား သေသေသပ်သပ်ဖြစ်အောင်လုပ်ရ၏။
အရှိန်မထိန်းနိုင်သည့်အခါ အလန့်တကြား ရှောင်းသခင်လေးလည်တိုင်အား တွဲခိုမိတော့ သူ့ခါးပေါ်သို့ ရောက်လာတက်သည့် လက်တစ်စုံ။
နေ့စဥ်နီးပါးဖြစ်နေကျ ဇာတ်ကွက်တစ်ခုအလား..။
အကယ်၍ ပိတ်ပါးနက်အောက်က မျက်ဝန်းတစ်စုံသာ အကောင်းပကတိဖြစ်နေခဲ့ပါလျှင်...။
သူ့ရဲ့နီရဲနေသည့်မျက်နှာနှင့်နားရွက်ကလေးများကြောင့် အရှက်ရစေလိုက်မည့်ဖြစ်ခြင်း။
နှာဖျားဝသို့တိုးဝင်လာတဲ့စွပ်ပြုတ်ရနံ့သင်းသင်းကြောင့် အတွေးစတွေ ပျက်သွားတယ်။
ရိပေါ်သည် စားဖိုဆောင်ထဲမှာဖြစ်ပြီး ရှောင်းသခင်လေးအတွက် စွပ်ပြုတ်လုပ်နေခြင်းပင်။