" ယွန်းဂျောင်ဟန် မင်း ကျောင်းတက်ဖို့ စိတ်ကူးမရှိတော့ဘူးလား ဟမ်"
" အေး "
တုံးတုံးတစ်တစ် ဖြေချလိုက်သည့်သူငယ်ချင်းဖြစ်သူကြောင့် အင်ခနဲပင်ဖြစ်သွားမိသည်။ တိတ်တဆိတ်အကဲခတ်ကြည့်တော့ ပြတင်းပေါက်ကိုသာ ခပ်ဆွေးဆွေးလေးကြည့်နေသည့် မျက်နှာတစ်ဖက်ခြမ်း။ တစ်ပိုင်းတစ်စကလေး မြင်နေရသည့်တိုင် သောကမီးတွေပွားနေကြောင်း အတတ်သိရ၏။
ချစ်ရသူနဲ့ အဆင်မပြေဘူး ထင်တာပါပဲ။
" ဘာဖြစ်နေတာလဲ ဂျောင်ဟန် "
သူငယ်ချင်းဖြစ်သူ၏ ချစ်စဖွယ်မျက်နှာလေး ညိုးငယ်နေသောကြောင့် တာ၀န်အရမဟုတ်သော်ငြား စိတ်လိုလက်ရမေးမိသည်။ တစ်ကျောင်းလုံး၏ အကြည်ဓာတ် လူသားဗီတာမင်ကလေးဟု မှတ်ကျောက်တင်ခံရသူက လက်ရှိမှာတော့ စိတ်နှင့်လူနှင့်တောင် မကပ်နိုင်။ တမှိုင်မှိုင်တထွေထွေဖြင့်။
" ပြတ်သွားပြီ ငါတို့ "
" အဖြတ်ခံလိုက်ရတာမလား မင်းဘက်ကစဖြတ်ရင်တော့ ဒီလောက်ထိ လေးနက်မယ်မထင်ဘူး ဟုတ်တယ်မလား "
" အင်း "
ဆော့မင် ကြားနှစ်ကြား၀င်မပါချင်ပါ။ မည်သူ့အမှား ၊ မည်သူ့ကြောင့်ဖြစ်သည်ဟူ၍လည်း တစ်ဖက်သတ်ဆန်ဆန်မပြောချင်။ အခုအချိန်မယ် နှစ်ယောက်စလုံး နင့်နေအောင် ခံစားနေရ အသေချာပင် ။
" ပြောပြချင်ရင် နားထောင်ဖို့အသင့်နော် "
" နေပါဦး မင်းကျောင်းမသွားဘူးလား "
" ထားလိုက်ပါတော့ကွာ မင်းကပိုအရေးကြီးပါတယ်
ဂျောင်ဟန်ရာ "အီဆော့မင်အတွက် ဂျောင်ဟန်ဟာ ထူးခြားရာ ထူးခြားချက်ကလေး ။ မည်သည့်အရာကိုမဆို အပြုံးနှင့်သာ ထိပ်တိုက်တွေ့ဆုံစေသည့်ဂျောင်ဟန်ကို ပိုတိုး၍ သံယောဇဉ်တွယ်တာမိသည် ။
" စာကိုပိုပြီး အာရုံစိုက်ချင်လို့တဲ့ ငါ့ကိုပေးရတဲ့အချိန်တွေကို အလဟသာအချိန်ဖြန်းတယ်လို့ ထင်မိတယ်တဲ့ကွာ "
" ဘာရယ် မင်ဂယူကအဲ့လိုပြောတယ်ဟုတ်လား မဖြစ်နိုင်ဘူး မင်းရစ်လိုက်လို့ ဟိုကဒေါကန်တာပဲနေမှာ"
YOU ARE READING
𝘼 𝙈𝙞𝙡𝙡𝙞𝙤𝙣 𝙏𝙞𝙣𝙮 𝙏𝙝𝙞𝙣𝙜𝙨!
Short Story𝙅𝙞𝙝𝙖𝙣 သံသရာတစ်ကွေ့ရယ် ရေစက်လှလှကလေးရယ် ။ @Koa_bin 10.7.2024