" လုံး၀လက်မခံနိုင်ဘူး "
" ဟာ အရာရာကို မင်းစိတ်တိုင်းကျလုပ်လို့ ဘယ်ဖြစ်မလဲ ဒီဂျိုရူဂျီကတော့ "
တရူးရူး တရှဲရှဲ ဒေါသထွက်နေသောသူကို ဂျောင်ဟန်အာခြောက်အောင် ဖျောင်းဖျနေရသည် ။ လက်ပါမိတော့မည်ဆိုးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းနေရတာလည်း အနိုင်နိုင် ။ ဖြစ်နိုင်ရင် အဲဒီ့ မာနေတဲ့ခေါင်းကြောကြီးကို အုတ်နီခဲနဲ့ ရိုက်ပစ်ချင်ပါသည် ။
" မရဘူး သူတို့ လက်ထက်တာ ငါ့ကို စော်ကားတာနဲ့ အတူတူပဲ "
" ဘာဆိုင်လဲကွာ "
" ဂျောင်ဟန်ရာ မင်းပဲ စဉ်းစားကြည့်လေ ငါတို့နောက်မှ ချစ်သူဖြစ်တဲ့ အတွဲက အရင်ညားတော့မယ်ဆိုတော့ .... မရဘူး အဲ့တာ ငါ့ကို စော်ကားတာ "
ပုခုံးတွေ လှုပ်သည်အထိ အသံထွက်ရယ်မိတော့ မျက်စောင်းက ဒိုင်းခနဲကျလာသည် ။ လူကို ဂျိုကြည့်ကြည့်ပြီး နှုတ်ခမ်းကလည်း တစ်တောင်လောက် ဆူထားသေး၏ ။ သူ့ကိုယ်သူ ဆယ်ကျော်သက် အရွယ် နုနုနယ်နယ်ကလေးများ အောက်မေ့နေသလားမသိပါဘူး ။ ထပ်စီးပြောင်းပြီးလို့ အသက်အစိတ်တောင် ကျော်နေပြီကို ။
" ငါအဲ့တာကြောင့် ပြောပါတယ် ယူရအောင် ယူကြရအောင်လို့ မင်းကအမြဲ တွန့်ဆုတ် တွန့်ဆုတ်နဲ့ "
" ငါတို့ ရှေ့ရေးအတွက်လေကွာ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ဆိုတာ လွယ်တာမှတ်လို့ "
" ဘယ်သူကရော လွယ်တယ်ပြောမိလို့လဲ ယူပြီးရင်လည်း အတူတူ ပိုက်ဆံရှာလို့ ရနေတဲ့ ကိစ္စကြီးကို ... "
ဂျိုရူအာက ဒီအကြောင်းအရာနှင့် ပတ်သက်၍ အမြဲအထွန့်တက်သည် ။ စကားများခဲ့ရပေါင်းလည်း မနည်းတော့ ။ သူတို့နှစ်ယောက် ပြဿနာတက်ရင် ပြေးမကြည့်နဲ့ ။ ဒီကိစ္စကြောင့်ပဲရယ် ။
တက္ကသိုလ်စလျှောက်ကတည်းက နှစ်ယောက်အတူတူ တိုင်ပင်ထားခဲ့သည်ကို အခုရက်ပိုင်းမှ ဘာထဖြစ်လဲမသိပါဘူး ။ ဂျောင်ဟန်ကတော့ သူတို့အတူတူတူ ရည်ရွယ်ထားသည့် ကိစ္စဖြစ်တာကြောင့် လွယ်လွယ် အပျောက်အပျက်မခံနိုင်ပေ ။
YOU ARE READING
𝘼 𝙈𝙞𝙡𝙡𝙞𝙤𝙣 𝙏𝙞𝙣𝙮 𝙏𝙝𝙞𝙣𝙜𝙨!
Short Story𝙅𝙞𝙝𝙖𝙣 သံသရာတစ်ကွေ့ရယ် ရေစက်လှလှကလေးရယ် ။ @Koa_bin 10.7.2024