Chapter 128

1.2K 149 0
                                    

Unicode

ကုမျန်နှင့်လော့ချယ်တို့ ထွက်သွားပြီးနောက် ချန်းကျစ်၏အမူအရာမှာ အေးစက်သွားသည်။

ချန်းကျစ်၏မျှော်မှန်းချက်အရ ထိုယောက်ျားသည် ရုပ်ရည်သွင်ပြင် ချောမောခန့်ညားနိုင်သော်လည်း သူ(လော့ချယ်)သည် သေချာပေါက်ပင် သူ့ထက်သာလွန်မည်မဟုတ်ကြောင်းနှင့် သူ(လော့ချယ်)၏စိတ်နေသဘောထားသည် သာမန်လူများထက် သာလွန်နေနိုင်သော်လည်း သူ့ထက်တော့ သာလွန်မည်မဟုတ်ပေ။ လူတစ်ဦးတွင် ငွေစက္ကူအနည်းငယ် ရှိနိုင်သော်လည်း သူ၏အံ့သြဖွယ်ရာချမ်းသာကြွယ်ဝမှုနှင့် ရင်ဆိုင်ရပါက ထိုငွေများသည် ဘာမှမဟုတ်တော့ပေ။
သို့သော် သူ့အရင်ခန့်မှန်းချက်တွေက မှားယွင်းနေခဲ့သည်ပင်။

လော့ချယ် လမ်းလျှောက်၀င်လာစဥ်က သူပင်လျှင် ခဏတာမျှ အံ့အားသင့်သွားခဲ့ရ၏။

သူ့သွင်ပြင်က ပထမတန်းစားဖြစ်ပြီး တစ်ကိုယ်လုံးက မြင့်မြတ်သည်။ လမ်းလျှောက်ပုံက တည်ငြိမ်ပြီး ဘာကိုမျှဂရုမစိုက်သော ကိုယ်နေဟန်ထားနှင့် သီးသန့်ဆန်သည့်စိတ်နေသဘောထားက သာလွန်သူအဖြစ် ထူးခြားသွားစေသည်။

အကြောင်းတစ်ခုခုကြောင့် ချန်းကျစ်သည် ချန်းမိသားစုရှိ အဘိုးအို၏အငွေ့အသက်ကို ပြိုင်ဘက်ထံတွင် တစ်နည်းနည်းဖြင့် တွေ့လိုက်ရသည်။

သို့သော် ထိုလူသည် တကယ့်ကိုပင် မစ္စတာချန်းနှင့် အနည်းငယ် ဆင်တူသည်။

ထိုသူများဖြစ်နိုင်လား။
အမျိုးသားတစ်ယောက်၏ ရှုထောင့်မှကြည့်ပါက ချန်းကျစ်သည်လည်း လော့ချယ်၏ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။
ပြည်မကြီးမှာ ဒီလိုအရည်အချင်းရှိတဲ့သူတွေ ရှိတာလား။

အဓိပ္ပာယ်မရှိနေပေ။ သူအရင်က ဒီအကြောင်း တခါမှမကြားဖူးချေ။

ချန်းကျစ်က သူ့လက်ကို ဝှေ့ယမ်းပြီး သက်တော်စောင့်ကို လက်ဟန်ခြေဟန်ပြလိုက်သည်။

ဖုန်းကို unlockဖွင့်ပြီးနောက် သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်၏။
ချန်းမိသားစုရဲ့ပြုမူလှုပ်ရှားပုံတွေက တူညီလှသည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now