အပိုင်း - ၅ -
-
-
-
-
-------------------
ခန်းနားထည်ဝါသည့်စားသောက်ဆိုင်ကြီးအတွင်း အိမ်တော်သခင်ကြီး၊သခင်မကြီးများသာ ဝင်ရောက်ခွင့်ရှိ၏။
အထူးသဖြင့် အမတ်ကတော်အချို့နှင့် အိမ်တော်သခင်မကြီးများသာ ရှိသည့် တွေ့ဆုံပွဲတစ်ခု...။ဝတ်ကောင်းစားလှများဖြင့်အထက်တန်းစားများ သိသာစေပြီး သာမန်ပြည်သူများအဖို့ အနားပင်မကပ်နိုင်ချေ။
" တင်းဟောက်... မင်းပြော ဒီပွဲ တို့နိုင်မယ်ထင်လား..."
အနားမှ တစ်ဖဝါးမှမကွာ စောင့်ရှောက်ပေးတက်သည့်ကောင်လေး...။
သူမရဲ့လမ်းကြောင်းထဲတိုးဝင်လာသည့် နုငယ်တဲ့ကျားသူငယ်..။
နှလုံသားထဲက နင့်အောင် မြတ်နိုးရသည်ဆိုပဲ..။
သူမ၏အမိန့်ကိုသာ နာခံတက်သူဖြစ်၏။
" သခင်မ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ကျွန်တော်မျိုး သခင်မရဲ့ကောင်းခြင်း/ဆိုးခြင်းမှန်သမျှ လက်ခံပေးနေမှာပါ..."
အနိုင်ရခဲ့၍ ပျော်ရွှင်ဝမ်းမြောက်၍ သူ့အားဖက်တွယ်သည်ဖြစ်စေ၊ ရှုံးခဲ့သည်ရှိသော် သူ့အား ရိုက်ပုတ်သည်ဖြစ်စေ လက်ခံယူမည်ဖြစ်ကြောင်းဆိုလိုခြင်းဖြစ်၏။
ယဲ့ဟွား.. တနည်းအားဖြင့် ရှောင်းသခင်ကြီးရဲ့ဒုတိယအိမ်ထောင်ဖြစ်သူ ရှောင်းဟွားသည် အရှင်သခင်ဖြစ်သူ၏ ယုယမှုအား လိုချင်တောင့်တသူဖြစ်သည်။
ကျားသူငယ်လေးအား အပိုင်စားယူကာ လက်သပ်မွေးထားခြင်းဖြစ်သည်။
" အဟင်းဟင်း.. "
" အိုက်ရိုး.. ရှောင်းသခင်မက ကြည့်ရတာ ကျားတစ်ကောင်ကို လက်သပ်မွေးထားပုံပဲ..."
" အယ်.. ဖူကတော် နားလည်မှုတွေ လွဲနေပါပြီ "
" ဟင်း ဟင်း "
အနည်းငယ် ရယ်သွမ်းကာ မာကျောက်ကစားခြင်းအမှုအား ဆက်လက်ကစားလိုက်သည်။